- Sunday, 22 April 2012 06:04
ဆေးရောင်ခြယ်ပြိုင်ပွဲကို ဧပြီလ (၂၃) ရက် နံနက် (၁၀) နာရီမှ စတင်ကာ အသက် (၇) နှစ်မှ (၁၂) နှစ်အထိ ကလေးငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ရောင်စုံခဲတံနှင့် ဆေးရောင်ခြယ်ရန် ပုံများကို စာကြည့်တိုက်မှ ပြင်ဆင်ထားပေးမည်ဖြစ်ပြီး ပြိုင်ပွဲဝင်ကလေးများ အနေဖြင့် မိမိနှစ်သက်ရာ ရောင်စုံခဲတံများလည်း ယူဆောင်လာနိုင်ပါသည်။ ပြိုင်ပွဲဝင်ကလေးများကို အသက်အလိုက် အဖွဲ့သုံးဖွဲ့ခွဲ၍ ယှဉ် ပြိုင်စေမည်ဖြစ်၍ တစ်ဖွဲ့ချင်းစီမှ အကောင်းဆုံး ဆေးခြယ်နိုင်သူ သုံးဦးကို ရွေးချယ်၍ ဆုများချီးမြှင့်သွားပါမည်။ အကောင်းဆုံးလက်ရာများကို ဗြိတိသျှကောင်စီ ကလေးစာကြည့်တိုက်တွင် ပြသထားပါမည်။
မနက် (၁၁) နာရီတွင် အသက်(၇)နှစ်မှ(၁၂)နှစ် ကလေးများအတွက် Origami ကြိုးကြာအရုပ်ခေါက်ပြိုင်ပွဲ စတင်ပါမည်။ ပြိုင်ပွဲဝင်များအနေဖြင့် အချိန် (၁၅) မိနစ် ရရှိမည်ဖြစ်ပြီး သတ်မှတ်ချိန်အတွင်း ကြိုးကြာအကောင်ရေ ၁၅ကောင်နှင့်အထက် မှန်ကန်စွာခေါက်နိုင်သူများအား လက်ဆောင်များ ပေးအပ်သွားပါမည်။ (ကြိုးကြာအရုပ် မခေါက်တတ်သူ ကလေးများအတွက် ပြိုင်ပွဲမစခင် မမ Shar Shar မှ ကြိုးကြာအရုပ်ခေါက်နည်းကို သင်ပြပေးပါမည်။)
နေ့လည် (၂) နာရီ တွင်ကျင်းပမည့် အသက် (၅) နှစ်မှ (၁၂) နှစ်အရွယ် ကလေးများအတွက် ပုံပြင်ဖတ်ပြမည့် အစီအစဉ်တွင် ဗြိတိသျှကောင်စီမှ ပုံပြောကောင်းတဲ့ ဆရာ Davie မှ စိတ်ဝင်စားဖွယ်ရာ ပုံပြင်များကို ဖတ်ပြသွားပါမည်။ ထို့နောက် ကလေးများကို လက်ဆောင်များ ပေးပါမည်။
ညနေ (၅) နာရီတွင် အသင်းဝင်များနှင့် စာပေကို ချစ်မြတ်နိုးသူများ အားလုံးအတွက် စာပေဟောပြောပွဲ ကျင်းပပါမည်။ ဆရာအောင်သိန်းကျော် (အေတီကေ (ခ) ဆူဒိုနင် (ခ) အတ္တကျော်) မှ "ဉာဏ်နဲ့ ယှဉ်လျက် ခံစားချက် (Emotional Literacy)" ဆိုသောခေါင်းစဉ်ဖြင့် ဟောပြော ဆွေးနွေးသွားပါမည်။ ဟောပြောပွဲအပြီးတွင် ဆရာနှင့်သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။
အထက်ပါအစီအစဉ်များကို တက်ရောက်လိုသူများ အနေဖြင့် ဧပြီလ (၂၂) ရက် တနင်္ဂနွေနေ့နောက်ဆုံးထား၍ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင် စာရင်းပေးသွင်းနိုင်ပါသည်။ တယ်လီဖုံး၊ အီးမေးလ်တို့ဖြစ်လည်း စာရင်းပေးနိုင်ပြီး နှင့် ဆက်သွယ်ရန်ဖုန်းနံပါတ်မှာ ၂၅၄၆၅၈ / ၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာမှာ library.enquiries@mm.britishcouncil.org ဖြစ်ပါသည်။ အသင်းဝင်မဟုတ်သူများလည်းပါဝင်နိုင်ပြီး စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။
စာကြည့်တိုက်ဝန်ဆောင်မူများအကြောင်းကို အသေးစိပ်သိရှိလိုပါက British Council website သို့မဟုတ် www.myanmar-network.net သို့မဟုတ် www.facebook.com/britishcouncil.myanmar သို့ ဝင်ရောက်ကြည့်ရှုကာ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Source:maukkha
No comments:
Post a Comment