ယင်းညီလာခံသို့ DKBA အပေါ် စိတ်ဝင်စားသော၊ ရဟန်းရှင်များ၊ ကရင့်နိုင်ငံရေး ပါတီများ၊ KNU နှင့် DKBA တပ်မှူးများ၊ ဒေါနတောင် အရှေ့ခြမ်းနှင့် အနောက်ခြမ်းက ပြည်သူ့ ကိုယ်စားလှယ်များကို ဖိတ်ကြားထားပါသည်။ DKBA ကိုစိတ်ဝင်စားသော တသီးပုဂ္ဂလများကလည်း ဦးဂုံအောင် (0881512580) ကို ဆက်သွယ်ပြီး၊ တက်ရောက်နိုင်ပါသည်။
“ဒီလိုပါ ဒီကေဘီအေကို စိတ်ဝင်စားတယ်ဆိုရင်တော့ လှည်းနေလှေအောင်း မြင်းစောင်း မကျန်ဖိတ်ချင်ပါတယ်။ ကျနော်တို့က အင်းအား တထောင်လောက် ဖိတ်ကြားတဲ့အထဲက ကိုယ်စားလှယ် တရာကျော်နဲ့ အစည်းအဝေးကျင်းပနိုင် အောင် စီစဉ်ထားပါတယ်။ ဘယ်နှစ်ရက်လောက် ကျင်းပမယ်ဆိုတာကိုတော့ မသတ်မှတ်ရသေးဘူး။ အခြေအနေအရ ဖြစ် မှာပါ။ KNU ခေါင်းဆောင် တချို့ကိုလည်း ကျနော်ဖိတ်ကြားမှာပါ”ဟု ပြောခွင့်ရသူက ဗိုလ်မှူးထွန်းထွန်းက ဆိုပါသည်။
ဒီမိုကရေစီ စနစ်ကို အခြေခံသော (က) တန်းတူညီမျှရှိရေး၊ (ခ) ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တရားဥပဒေစိုးမိုးရေး၊ အချက် များပါဝင်ပြီး၊ စစ်ရေးအရ ကရင့်ပြည်သူ့ တပ်မတော် တည်ဆောက်ရေးဖြစ်ပါသည်။
DKBA သည် လက်ရှိအနေအထား အတိုင်း ရှေ့ဆက်ရန် မဖြစ်နိုင်တော့သည့် အတွက် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းရန် လိုအပ် နေပေသည်။ ဤသို့ကြောင့် ဖြစ်ပေါ်လာသော အဖွဲ့အစည်းသစ်၏ နိုင်ငံရေး၊ စစ်ရေး ၊ စည်းရုံးရေး မူသစ်များ ချမှတ်ရခြင်း ဖြစ်ပေသည်။
ကရင့်လူမျိုးများ နိုင်ငံရေးအရ တသံထဲဖြစ်ပေါ်ရေးအတွက် လူမျိုးတွင်း တပ်ပေါင်းစုများ (သို့မဟုတ်) စည်းရုံးရေးကော်မီတီ တရပ်ရပ် ရှိလာရေးကိုလည်း DKBA က မျှော်လင့်နေပါသည်။
သို့မှသာ ပကတိဖြစ်ပေါ်နေသော အခြေအနေမှ ကရင်တမျိုးသားလုံး သွေးစည်းညီညွတ်ရေး၊ ကရင်အချင်းချင်း လက်နက်ကိုင် ပဋ္ဋိပက္ခရှောင်ကျဉ်ရေး၊ ကရင့်ကံကြမ္မာ ကရင် ဖန်တီးနိုင်ရေးအတွက် မြန်မာ့နိုင်ငံရေးပြသနာများကို ၀ိုင်းဝန်ဖြေရှင်း ရာတွင် ထိရောက် လိမ့်မည်ဟု DKBA က ယုံကြည်ပါသည်။
Source:phophtaw
No comments:
Post a Comment