မူလစာမျက်နှာ

Friday, 30 March 2012

"ဝဇီရာ(၁)နှင့် ဝဇီရာ(၂) ရုပ်ရှင်ရုံနှင့် ပတ်သက်၍ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက စာနယ်ဇင်းတွေ့ဆုံရှင်းလင်း"


လတ်တလောမှာ ဝဇိရာ(၁)နဲ့ ဝဇီရာ(၂) ရုပ်ရှင်ရုံ ၂ရုံကို မတ်လ ၃၁ရက်ကစပြီး ပိတ်တော့မယ် ဆိုတာနဲ့ ပတ်သက်ပြီး မတ်လ ၂၉ ရက်နေ့၊ နေ့လည် ၂နာရီက မြန်မာနိုင်ငံရုပ်ရှင် အစည်း အရုံးမှာ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌနဲ့ အမှုဆောင်အဖွဲ့ဝင်များက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ် ခဲ့ပါတယ်။ ဝဇီရာ(၁)နဲ့ ဝဇီရာ(၂) ရုပ်ရှင်ရုံကို ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့ရုပ်ရှင် လုပ်ငန်းမှ ရုပ်ရှင်လောကသားတွေ အကျိုးအတွက် ရင်းနှီးမြှုပ်နှံရေးကော်မရှင်ကနေ သတ်မှတ်ထားတဲ့နှစ် အလိုက်ငှားရမ်းပေး ထားခြင်းက ၂ဝ၁၁ခုနှစ် စက်တင်ဘာလမှာ စာချုပ်ပြည့်သွားပြီ ဖြစ်ကြောင်း စာချုပ်ထပ် ချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ပုဂ္ဂလိကပိုင်ပြုလုပ် ရေး ကော်မရှင်ကနေ နိုင်ငံပိုင် အဆောက် အဦးတွေ ရောင်းတာတွေပါလာတဲ့အတွက် စာချုပ်ဆက်မချုပ်ဖြစ်ဘဲ ဒီအတိုင်း ထိန်းပြီး ပြသခဲ့ကြောင်း၊ ဆက်လက်ငှားရမ်းလိုကြောင်း တင်ပြချက်ကို လွန်ခဲ့တဲ့တစ်နှစ်ထဲ ကတင်ပြ ပေမယ့် မငှားရမ်းတော့ဘဲ စာချုပ်စေ့တဲ့ရက် မတ်လ ၃၁ ရက် ၂ဝ၁၂ခုနှစ်မှာ စတင်ပြီး ပြန်ကြားရေးဝန်ကြီးဌာန မြန်မာ့ရုပ်ရှင်လုပ်ငန်းပိုင် လှိုင်သာယာမြို့နယ် ဝဇီရာ (၂)နဲ့ ကျောက်တံတားမြို့နယ် ဝဇီရာ (၁)ရုပ်ရှင်ရုံ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးသို့ ငှားရမ်း ထားခြင်းကို ရပ်စဲကြောင်းနဲ့ ဧပြီ ၁ ရက်နေ့ ၂ဝ၁၂ခုနှစ်မှာ ငှားရမ်းရေးသဘောတူစာချုပ် ပါ စည်းကမ်းချက်များအတိုင်း မြန်မာ့ရုပ်ရှင် လုပ်ငန်းသို့ ပြန်လည်လွှဲအပ်ပါရန်ကို မတ်လ ၂၆ ရက်နေ့မှာ မြန်မာရုပ်ရှင်လုပ်ငန်း ရန်ကုန် ရုံးခွဲမှ အကြောင်းကြားစာထုတ်ပြီး ရုပ်ရှင် အစည်း အရုံးကို မတ်လ ၂၇ ရက်နေ့ ညနေမှာ အကြောင်းကြားလာကြောင်း၊ အဖွဲ့ဝင်တွေ CEC တွေ အားလုံးဆန္ဒက ရုပ်ရှင်လောကသားတွေ အကျိုးအတွက် ရုပ်ရှင်ရုံတွေကို ပြန်လိုချင်ကြောင်း မြန်မာ့ရုပ်ရှင် လုပ်ငန်းကို ပြန်တင်ပြမှာဖြစ်ကြောင်း၊ ပြန်လည်လွှဲအပ်ရမယ့်ရက်က အရမ်း ရက်ကပ်နေ တဲ့အတွက် လွှဲဖို့ခက်တာကြောင့် ဆက်လက် ငှားရမ်းခွင့်မပြုရင် နောက်ထပ် ၂လ၊၃လ ထပ်ပြီး အချိန်ပေးရန် ရုပ်ရှင်ရုံတစ်ရုံဆီမှာ ဝန်ထမ်း ၂ဝစီရှိတာကြောင့် ဝန်ထမ်းအယောက် ၄ဝအတွက် ဆောင်ရွက်ရမှာဖြစ် ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးမြင့်သိန်းဖေက ပြောပါတယ်။ ဆက်လက်ပြီး မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဒုတိယ ဥက္ကဋ္ဌဒေါ်မြင့်မြင့်ခိုင် ကလည်း ဒီရုပ်ရှင်ရုံ၂ရုံက ရုပ်ရှင်လောက သားတွေအတွက် အားကိုးအားထားဖြစ်ရ ကြောင်း ဒီ၅ ရက်အတွင်းမှာပဲ ရွှေ့ပြောင်းပိတ် ရမှာက ရုပ်ရှင်လောကသားတွေ အတွက် စိတ်မကောင်း ဖြစ်ရကြောင်း ရုပ်ရှင်ရုံမှာ ရုံရက် ချိတ်ထားတဲ့ရုပ်ရှင် ဇာတ်ကားတွေပြသဖို့ အခက်အခဲတွေ ရှိကြောင်း ဒီလိုရုပ်ရှင်ရုံတွေ မရှိတော့ရင် ရိုက်ကူးတဲ့သူတွေကလည်း စိတ်ဓာတ်ကျနိုင်ကြောင်း၊ သက်ဆိုင်ရာကို ဒီလိုအခက်အခဲနဲ့ ဝန်ထမ်းတွေရဲ့ အခက်အခဲ တွေကို စာတင်ပြမှာဖြစ်ကြောင်း ပြောပါ တယ်။ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ၁၉၉၉ ခုနှစ်ထဲက စတင်ပြီး ၅ နှစ်တစ်ကြိမ် ကနေ ၃နှစ်တစ်ကြိမ်စီ ရုပ်ရှင်ရုံ ၂ရုံကို ငှားရမ်းစာ ချုပ်ချုပ်ခဲ့ကြောင်းကိုလည်း သိရပါတယ်။
Source:FB

No comments:

နေ့မှာ