မူလစာမျက်နှာ

Tuesday, 27 March 2012

"ဧပရယ်ဖူးနေ့မှာ အမှတ်တရ မရှိဘူးဆိုလာတဲ့ အောင်ရဲလင်း"

Source:FB
အောင်ရဲလင်းက လတ်တလော ထွက်ထားတဲ့ “ဝယ်ပါ၊ သုံးကြည့်ပါ၊ ပြီးမှယုံ” ဇာတ်ကားကို ပရိသတ်တွေဆီကတော့ ဘာအသံမှ မကြားရပေမယ့် ဒီကားက ဟာသလည်း ဖြစ်နေတဲ့ အတွက် ရိုက် တဲ့အချိန်တုန်းက အကောင်းဆုံး ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ ဟာသကို အဲဒီဇာတ်ကား ရိုက်ကူးတုန်းက အချိန်ထက် အခုကပိုပြီး ဟာသ လုပ်တတ်လာတယ် လို့ ပြောပါတယ်။ အောင်ရဲလင်းက ဇာတ်ကားတွေ ရိုက်ကူးနေသလို နယ်ဖျော်ဖြေရေးတွေလည်း သွားဖြစ်နေပါတယ်။ မကွေးကျောင်းတော်ရာ ကို လည်း ဖျော်ဖြေ ရေးသွားဦးမယ့် အောင်ရဲလင်းက…”ပရိသတ်နဲ့ တွေ့တဲ့အတွက် ပရိုမိုးရှင်းလည်း ဖြစ်တယ်။ သူတို့တွေက ဘယ်လိုဖြစ်စေချင်တယ် ဆိုတာကို သိရတယ်။ ကိုယ်မရောက်ဖူးတဲ့ နေရာကို သွားရတယ်။ ဒီလို ဖျော်ဖြေရေးတွေ သွားနေပေမယ့် သီချင်း ဆိုဖို့၊ အခွေထုတ် ဖို့တော့ မရှိပါဘူး။ ကျွန်တော် နယ်မှာ သီချင်းဆို တာက ပရိုမိုး ရှင်းဖြစ်အောင်ပါ။ ရန်ကုန်မှာတော့ သီချင်းဆိုမှာ မဟုတ်ပါဘူး။ ဇာတ်ကားပဲ ရိုက်မှာပါ။ ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် လိုင်းက သရုပ်ဆောင်ပဲလေ” လို့ ပြောပြပါ တယ်။ အောင်ရဲလင်း က ဧပရယ်ဖူးနေ့ကို ကိုယ်တိုင်လည်းတစ်ခါမှ မခံစားဖူးသလို ကိုယ်တိုင်ကလည်း သူများကို မလုပ်ဖူးဘူးလို့ ဆိုတာကြောင့်… “အဲဒီနေ့ကို မေ့နေတာ တစ်ခါမှ မလုပ်ဖူးတဲ့ အတွက် အမှတ်တရလည်း မရှိဘူး။ မကြုံဖူးသေးဘူး။ အဲဒီနေ့ရောက်ရင် မေ့နေရောလေ”လို့ ပြောပြပါတယ်။

No comments:

နေ့မှာ