ရန်ကုန်၊ မတ် ၃၁
နိုင်ငံတော် ကာကွယ်ရေးအတွက် သက်စွန့်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်း ဆောင်စဉ် မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သားများနှင့် သေဆုံး သို့မဟုတ် ကျဆုံးသွားသော တပ်မ တော်သားများ၏ မိသားစုများအား ထောက်ပံ့ စောင့်ရှောက်ရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော်၌ မတ်လ ၃၀ရက်နေ့တွင် ပြဌာန်းလိုက်သည်။
မသန်မစွမ်း ဖြစ်သွားသော တပ်မတော်သား သော်လည်းကောင်း၊ သေဆုံးသူ သို့မဟုတ် ကျဆုံးသူ၏ မှတ်တမ်းဝင် အမွေခံဇနီး သို့မဟုတ် ခင်ပွန်း သို့မဟုတ် သားသမီးကို သော်လည်းကောင်း နိုင်ငံတော်က စီစဉ်ပေးသော နေရာရှိ ခြံမြေနှင့် နေထိုင်ရန် အိမ်သို့မဟုတ် တိုက်ခန်းကို ထောက်ပံစောင့်ရှောက်ပေးမည် ဖြစ်ကြောင်း ယင်းဥပဒေတွင် ပါရှိသည်။
"အဘိုးလည်း စစ်သား၊ ဦးလေးလည်း စစ်သားလုပ်။ နှစ်ယောက်လုံး တိုက်ပွဲမှာ ကျတယ်။ ဒါပေမယ့် မိသားစုတွေ ဘာထောက်ပံ ကြေးမှ မရဘူး။ ဒီလိုမျိုး ဥပဒေ ပြဌာန်းလိုက်တော့ နောက်မိသားစုတွေ အတွက် ကောင်းတာပေါ့" ဟု အသက် ၃၀ကျော်အရွယ် အမျိုးသားတစ်ဦးက လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ် ၀န်းကျင်က အဖြစ်အပျက်ကို ပြန်လည်ပြောကြားသည်။
Source:FB
No comments:
Post a Comment