Source:FB
Wednesday, 21 March 2012
"နည်းပညာကျောင်းသားများ ကိုရီးယားနှင့် တရုတ်တွင် ကျောင်းတက်ခွင့်ရတော့မည်"
တောင်ကိုရီးယားနှင့် တရုတ်တက္ကသိုလ်တို့တွင် နည်းပညာကျောင်းသားများ သွားရောက် သင်ကြားနိုင်ရန် ဆွေးနွေးမှုများ စတင် ပြုလုပ်နေကြောင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ သိရသည်။ ''သင်ရိုးက သိပ်မကွာဘူး ဆိုတော့ ညှိနှိုင်းစရာသိပ်မရှိဘူး။ လိုအပ်မှုအနည်းငယ် ရှိနေတဲ့ သင် ကြားတဲ့နည်းစနစ်၊ ရမှတ်ဖြတ်တဲ့ စနစ်တွေ တူညီစေဖို့တော့ ညှိနှိုင်း နေပါတယ်'' ဟု ၄င်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ဆွေးနွေးမှုသာ အဆင်ပြေ၍ သဘောတူ စာချုပ် ချုပ်ဆိုပြီး ပါက နိုင်ငံအတွင်းရှိ နည်းပညာ ကျောင်းသားများအနေဖြင့် ထိုနှစ် နိုင်ငံတို့ရှိ တက္ကသိုလ်များတွင် ကြိုက်နှစ်သက်ရာ စာသင်နှစ်ကို သွားရောက်တက်ရောက်နိုင်မည် ဖြစ်ကြောင်း ၄င်းက ပြောသည်။ ''ဒီမှာ ပထမနှစ်ပြီးရင် ဟို ဘက်မှာ ဒုတိယနှစ် ဒီလိုသွား တက်နိုင်မယ်။ အဓိက ရည်ရွယ် တာက ဒီက နည်းပညာဘွဲ့ကို ပြည်ပက အသိအမှတ်ပြုတယ်။ ဒီ လိုပဲ အတန်းအလိုက်ကိုလည်း အသိအမှတ်ပြုစေလိုတဲ့ သဘောနဲ့ ဆောင်ရွက်တဲ့ အစီအစဉ် တစ်ခုပါ'' ဟု ၄င်းက ထပ်လောင်းဆိုသည်။ တရုတ်နှင့် တောင်ကိုရီးယား သို့သွားရောက် တက်နိုင်ရန်ဆွေးနွေးမှုတွင် အပြည့်အဝပညာသင်ဆု၊ တစ်စိတ်တစ်ပိုင်း ပညာသင်ထောက် ပံ့ကြေးနှင့် ကိုယ်ပိုင်စရိတ်ဖြင့် တက် ရောက်နိုင်ခြင်းများရှိမည်ဖြစ်ေ ကြာင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။ ယခုဆွေးနွေးမှုသည် တစ်နိုင်ငံလုံးရှိနည်းပညာတက္ကသို လ် ကျောင်းသား အားလုံးအပေါ်သက် ရောက်မှုရှိမည်မဟုတ်ဘဲ သတ် မှတ်ရွေးချယ်မည့်တက္ကသိုလ် ၄၊ ၅ ခုမှ ကျောင်းသားများအပေါ်သာ အကျိုးရှိစေမည်ဟု၎င်းဌာန မှ တာဝန်ရှိသူက ထပ်လောင်း ပြောသည်။
Source:FB
Source:FB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment