အချိန်တွေရယ် နှောင်းခဲ့ပြီပေါ့
ရွက်သစ်တွေတောင် ပြောင်းခဲ့ပြန်ပြီ
မပြောင်းပဲကျန်တဲ့ ဒီစနစ်အတွက်
သားတို့တတွေ တိုက်နေဆဲပါ…. အမေ။
ဒီစနစ်ဟောင်းကိုအတိတ်ဟောင်းမှာထားခဲ့ဖို့
သွေးရင်းညီကိုမောင်ရင်းနှမ
အတူလက်တွဲကြဖို့လည်း ကြိုးစားနေဆဲပါ ……အမေ။
ပခုံးနှစ်ဖက်ကြားကခေါင်းပေါက်လို့
လူဖြစ်လာရတဲ့ သားဘ၀ကို
အမေဒီအသိတွေ မွေးပေးလိုက်တာ
ကျေးဇူးပါ….အမေ။
မဝေးတော့တဲ့ အနာဂါတ်ကြီး
လှပဖို့အတွက်
ဆက်လက်တိုက်ပွဲ ၀င်ခွင့်
ပြုပါအုံး…အမေ။
ခွန်ဂျက်
၁၁-၈-၂၀၁၁
No comments:
Post a Comment