ပုသိမ်မြို့နယ်ရှိ ၀ဲထောင့်ရပ်ကွက်၊ ရှင်းသီရိရပ်ကွက်၊ ၁ ရပ်ကွက်၊ ၇ ရပ်ကွက်၊ ၈ ရပ်ကွက် နှင့် ၁၂ ရပ်ကွက်များရှိ အိမ်ထောင်စုများအား တစ်အိမ်ထောင်လျှင် ဆန်တစ်ပြည်ကို ၁၂ ရပ်ကွက်ရှိ ပုဂ္ဂိုလ်တစ်ဦးက အခမဲ့ပေးဝေနေကြောင်း သတင်းရရှိသည်။ ယင်းပုဂ္ဂိုလ်မှာ ပြည်ခိုင်ဖြိုးပါတီမှဖြစ်သည်ဟု အတည်မပြုနိုင်သေးသော သတင်းတစ်ရပ်အရ သိရသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ ပုသိမ်မြို့နယ်မှ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဝင်းမြင့်အား စုံစမ်းမေးမြန်းရာ "အကယ်၍များ ဒါဟာ ပြည်ခိုင်ဖြိုးက လုပ်တယ်ဆိုတာသေချာရင်တော့ အထက်ကို စာတင်ပြီးတိုင်ရမယ်။ ဒါဟာ မဲဆွယ်တာမဟုတ်တော့ဘူး။ မဲဝယ်သလိုဖြစ်နေပြီ"ဟု ပြန်လည်ပြောကြားကြောင်းသိရသည်။
အောင်ထက်(NYK)
Source:FB
No comments:
Post a Comment