မူလစာမ်က္ႏွာ

Thursday, 22 March 2012

ခ်ဳိေသာနားေတြ ျဖစ္ပါေစ

Thursday, March 22, 2012 at 6:26pm ·
       သာဝတၱိျပည္ရဲ႕ နံနက္ခင္းကေတာ႕ အရင္ေန႔ေတြကလုိပဲ သာယာလွပ က်က္သေရမဂၤလာရွိစြာ နုိးထ လာပါျပီ။
 ေစတဝန္ေက်ာင္းေတာ္က ရဟန္းသံဃာေတာ္အရွင္ျမတ္ေတြ သကၤန္း ကုိျပင္ဝတ္ရုံ ၾက၍သပိတ္သကၤန္းကုိယူျပိး
ဆြမ္းခံဝင္ၾကတဲ႔ မနက္ခင္းခ်ိန္ခါ၊ သာဝတၱိ ျမဳိ႕သူ ျမဳိ႕သားေတြလည္း လွဴေရးတန္းေရး အတြက္ျပင္ဆင္ေနၾကခ်ိန္ ျဖစ္တာမုိ႔
ေန႔တစ္ေန႔ရဲ႕ အလွဆုံးအခ်ိန္လုိ႔ ဆုိရမွာျဖစ္ပါသည္။

                       ဘိကၡဴနီ မေတြရဲ႕ေက်ာင္းကေန၊ သာယာလွပတဲ႔သာဝတၱိျမဳိ႔ထဲကုိ ဆြမ္းအလုိ႔ငွာ၊လွည္႔လည္လာတဲ႔ ဘိကၡဴ နီမေလးတစ္ပါးဟာ ပါးျပင္ေပၚကမ်က္ရည္ေတြကုိ တစ္ခ်က္တစ္ခ်က္ လက္ဖမုိးနဲ႔ တုိ႔သုတ္လုိက္၊ လက္ကမ်က္ရည္စေတြကုိ သကၤန္းေလးနဲ႔သုတ္လုိက္လုပ္ရင္း ေျဖးညွင္းစြာၾကြ လွမ္းလုိ႔ လာေနသည္။

သူ.. ဘာေၾကာင္႔ ဒီလုိျဖစ္ေနရတာပါလိမ္႔….။သူဟာ ျမတ္စြာဘုရားရွင္ရဲ႕တရားရိပ္မွာ ခုိလွဳံေနသူ ဘိကၡဴနီမေလး  မဟုတ္လား။
 မွန္ပါသည္။ ဘိကၡဴနီ မေလးေတာ႔ ဘိကၡဴနီ မေလးပါ။ သုိ႕ေသာ္ သားတစ္ေယာက္ကုိ လြမ္းဆြတ္ေနသည္႕ဘိကၡဴနီ မေလးျဖစ္ေနလုိ၍  သားေဇာနဲ႔ တရားမျမင္နဳိင္ရွာေသးတဲ႔ ဘိကၡဴနီ မေလးျဖစ္ပါသည္။

     ဘိကၡဴ နီမေလးမျဖစ္ခင္က သေႏၶ တည္ခဲ႔ သားကုိ၊ ရွင္ေတာ္ျမတ္ဘုရားရဲ႕ ကရုဏာေတာ္ေက်းဇူးေၾကာင္႔  အမ်ားအကဲ႔ ရဲ႕
လြတ္ျခင္းမွကင္းေဝးစြာ ေမြးဖြားခဲ႔ရ ျပိးေနာက္ ေမြးျပီးခ်င္းပဲဘိကၡဳနီမေတြရဲ႕ေက်ာင္းကေန ေကာသလမင္းၾကိးကေခၚယူေမြးစားခဲ႔ပါသည္
။အဲဒီတုန္းကထဲကအေဝးကေနပဲတိတ္တိတ္ေလးခုိးခုိးၾကည္႕ ရင္းက လြမ္းခဲ႔ရတဲ႕ သားေလး။ တစ္ျမဳိးတည္း မုိ႔ေတာ္ေသးတယ္။

              သားေလးအရြယ္ေရာက္ေတာ႔ဘိကၡဳနီမရဲ႔႕သားျဖစ္တယ္ဆုိတာကုိယ္႕ကုိယ္ကုိယ္သိတာနဲ႔တျပဳိင္နက္သားေလးဟာ
ရွင္ရဟန္းျပဳ၍ ေတာထြက္သြား ခဲ႔တာ ၊ အခုဆုိရင္ တစ္ဆယ္႔ႏွစ္ႏွစ္ေတာင္ၾကာခဲ႔ ပါျပီ။ ဘိကၡဴနီမေလး ဟာ သူ႔သား ရဟန္းဘဝ နဲ႔ေတာထြက္တဲ႔ေန႔ကစျပီး၊ တစ္ေန႔ မွမငုိခဲ႔ တဲ႔ ေန႔ မရွိခဲ႔ပါ။
               အခုလဲ ဆြမ္း အလုိ႔ငွာ လွည္႔လည္ရင္း ရဟန္းေတာ္ေတြကုိေတြ႕ ရျပန္ေသာအခါ သားေတာ္ကုိပုိလုိ႔ သတိရ
ေနျပန္သည္။
              သာဝတၱိရဲ႔႕ မနက္ခင္းေနကလည္းတစ္ျဖည္းျဖည္းနဲ႔ ျမင္႔လာျပီျဖစ္သည္။ ပိန္ပိန္ေသးေသး
 ကုိယ္ခႏၶာ၊ျဖဴေဖ်ာ႔ေနတဲ႔ မ်က္ႏွာေလးနဲ႔ လမ္းေရွာက္ရင္းက တစ္ခ်က္ခ်က္ လဲက် ေတာ႔မလုိျဖစ္ေနတဲ႔ ဘိကၡဴ နီမေလး ။၊ဒီ အခ်ိန္မွာပဲ. ခပ္ေဝးေဝးက သ႑န္ တစ္ခုကုိ လွမ္းျမင္လုိက္တဲ႔ တခဏ ..

                “ သားေတာ္”
                  ဝမ္းသာအားရ တစ္ကုိယ္တည္းေရရြတ္ လုိက္ရင္း၊အေဝးကသ႑န္ကုိ ေသေသခ်ာခ်ာၾကည္႔
လုိက္ျပန္သည္။ ဟုတ္ပါတယ္။ သားေတာ္မွ သားေတာ္အမွန္ပါ။ အရပ္ၾကိးရွည္လာတာကလြဲ လုိ႔ ဘာမွမေျပာင္းလဲ
တဲ႔ သား။
   အုိ..မဟုတ္ဘူး ေျပာင္းလဲသြားျပီ။အရင္က မ်က္လုံးေတာက္ေတာက္ေတြဟာ၊
အခုေတာ႔သိမ္ေမြ႕ျဖဴစင္တဲ႔ေမတၱာမ်က္ဝန္းေတြအျဖစ္ေျပာင္းလဲသြားျပီ။အရင္ကေစ႔ေစ႔ပိတ္ထားတတ္တဲ႔
ႏဳွုတ္ခမ္းေတြက၊အခုေတာ႔ဒါယကာ၊ ဒါယကာမေတြကိုဖမ္းစားဖုိ  ႔ကရုဏာကေဝအျပဳံးေတြ ဖိတ္စင္က်လာေတာ႔မယ္႔အတုိင္း ၾကည္ညဳိစရာအသြင္ ေဆာင္ခဲ႔ျပီ။
အရင္ကကုိယ္ကုိယ္႔ကုိယ္ယုံၾကည္မႈနဲ႔ခပ္သြက္သြက္ေလ်ာက္လွမ္းတတ္တဲ႔ေျခလွမ္းေတြဟာအခုေတာ႔၊
သိမ္ေမြ႕တည္ျငိမ္တဲ႔ေျခလွမ္းေတြအျဖစ္ေျပာင္းလဲ ခဲ႔ ျပီ။ ေအာ္..သားေတာ္က အေမ႔ကုိခြဲသြားခဲ႔တဲ႔ ဒီတစ္ဆယ္႔ႏွစ္ႏွစ္ကာလမွာ အရဟတၱဖုိလ္သုိ႔ ေရာက္သြားခဲ႔ ျပီကုိး။

        “သားေတာ္..သားေတာ္..ခဏ သည္းခံေတာ္မူပါအုံး”
ႏွဳတ္ဖ်ားက အဆက္မျပတ္ ျမည္တမ္းရင္း မယ္ေတာ္ဘိကၡဳနီမ ေလးဟာ ကုမာရကႆပ
မေထရ္ ဆီ ကုိအမွီေျပးလုိက္ရွာေလသည္။

“အုိ…သားေတာ္”
ဘိကၡဴနီမေလးဟာ၊အရင္ကထဲကအားနည္းေနတဲ႔ကုိယ္ခႏၶာ၊တုန္လွဳပ္တဲ႔စိတ္လွဳပ္ရွားမႈေတြေၾကာင္႔ ေျပးလုိက္ရာမွာ
လဲက်သြားျပန္ပါသည္။
 ၾကည္႔ပါဥိး၊။ ခုမွ သတိထားမိသည္။ သားေတာ္ကုိျပန္ေတြ ႔ရတဲ႔  စိတ္လွဳပ္ရွားမႈ၊ ခ်စ္ခင္ေထြးပုိက္လုိမႈ
ျပဳစုလုပ္ေျကြးလုိမႈေတြေၾကာင္႔ ထင္ပါရဲ႕။ ဘိကၡဴနီမေလးခမ်ာ နဳိ႕ရည္တုိ႔ထြက္က်ခဲ႔ တာေၾကာင္႔ သကၤန္းေတြလည္း
နဳိ႔ရည္တုိ႔ ျဖင္႔  ရြဲရြဲစုိ ကုန္ ပါသည္။စုိ ေသာသကၤန္းေလးႏွင္႔ပင္ .ႏဳွုတ္ကလည္း

“သားေတာ္” လုိ႕ ေခၚ၊
လဲက်ရာကအားယူထ၊ မေထရ္ရွိရာ အေျပးသြားျပီး၊မေထရ္၏ သကၤန္းကုိဆြဲကုိထားရင္း၊ သားျဖစ္သူ၏ မ်က္ႏွာေတာ္ကုိေမာ႕ဖူး.ကာ ေၾကကြဲေနသည္႔ မ်က္ႏွာေလးႏွင္႔ သားျဖစ္သူကုိ အားကုိးတၾကိးဆုိရွာသည္။

“သားေတာ္ အေမ႔ ကုိသတိရေသးရဲ႕ လားဘုရား။ သားေတာ္ နဲ႔ ခြဲခဲ႔ ရတဲ႔ တစ္ဆယ္႔ႏွစ္ႏွစ္လုံးလုံး
တစ္ေန႔မွ ေမ႔ မရခဲ႔ပါဘူး သားေတာ္။ ဒီတစ္ခါေတာ႔ခြဲမသြားေတာ႔ဘူး မဟုတ္လားဘုရား”

 ကုမာရကႆပမေထရ္က မယ္ေတာ္ဘိကၡဴနီမကုိ ၾကည္႔ ေနရာမွ စကားသံ တြက္ေပၚလာပါသည္။

“အဘယ္အမႈကုိျပဳလ်က္ လွည္႔လည္ေနဘိသနည္း။ခ်စ္ခင္ျခင္းမွ်ကုိလည္း ျဖတ္ျခင္းငွာ
မတတ္နဳိင္ဘိတကား”

အုိ..ေျပာရက္လုိက္တာသားေတာ္ရယ္။ အေမကုိ ဘယ္လုိဆုိလုိက္တာလဲဘုရား။ ခက္ထန္လုိက္တာ။
အေပါက္ဆုိးလုိက္တာ။ဒီစကားဟာ  အေမကုိ သားကေျပာတဲ႔ စကားတဲ႔လား။ျပန္မိန္႔ပါဥိးသားေတာ္။
ေအာ္ ..ဟုတ္မွာေပါ႔ ေလ။ငါက အရင္လုိ ရုပ္ရည္မွ မရွိေတာ႔တာ။သားေတာ္က ဘယ္မွတ္မိပါ႔ မလဲ။

“ သားေတာ္..ဒါ..သားေတာ္အေမေလ..ဘုရား။ ဘယ္လုိ ဆုိလုိက္တာလဲ သားေတာ္ရယ္။
အေမ. နားၾကားလြဲ တာလားဘုရား။သားေတာ္က ဒီအေမကုိ မမွတ္မိတာလားဘုရား။
ျပန္မိန္႔ပါဥိး သားေတာ္။”

ကုမာရကႆပ မေထရ္က မယ္ေတာ္ကုိ အရင္စကားအတုိင္းပဲ ထပ္ျပီးဆုိျပန္ပါသည္။

“အဘယ္အမႈကုိျပဳလ်က္ လွည္႔လည္ေနဘိသနည္း။ခ်စ္ခင္ျခင္းမွ်ကုိလည္း ျဖတ္ျခင္းငွာ
 မတတ္နဳိင္ဘိတကား”

အလုိ.. ဒီ စကားကုိပဲ ထပ္ေျပာေနပါလား။ဟုတ္ပါျပီ ။သူကငါ႔ကုိတကယ္ရက္စက္တာပါ။
 တည္ျငိမ္ခ်ဳိသာ ေအးျမတဲ႔ အသံေတာ္ေလးနဲ႔ မွ မလုိက္ဖက္ရက္စက္လုိက္တာ။
 အေျပာဆုိးလုိက္တာ။ၾကမ္းတမ္းလုိက္တာ။ မညွာမတာေျပာရက္လုိက္တာ။တကယ္ဆုိရင္.
.အေမကုိ ႏွစ္သိမ္႔သင္႔တယ္မဟုတ္လား။ ခ်ဳိခ်ဳိသာသာ ေျပာသင္႔တယ္မဟုတ္လား။

ေန႔ ညမပ်က္ ေမတၱာေဝသူ ဒီအေမကုိမွ  မငဲ႕မညွာ ရက္စက္တဲ႔သား။ ဒီသားအတြက္နဲ႔
တစ္ဆယ္႔ႏွစ္ႏွစ္တုိ႕ ကာလပတ္လုံး မ်က္ရည္တုိ႔ကုိသိမ္းဆည္းျခင္းငွာမတတ္နဳိင္ခဲ႔။
အခုေတာ႔ ဒီသားက ခက္ထန္တင္းမာလုိက္တာ။အေမကုိ နည္းနည္းေလးေတာင္ ငဲ႔ညွာေတာ္
 မမူပါလားဘုရား။ ေတာ္ပါျပီေလ။ ငါဒီလုိသားမ်ဳိးကုိ ဆက္တမ္းတေနလုိ႔  စြဲလန္းေနလုိ႔ ဘာမ်ား
 အက်ဳိးထူးလာမွာမုိ႔လဲ။

“ငါ႔အားဤ သားျဖင္႔ အဘယ္အက်ဳိးရွိအံ႕ နည္း။ ခ်စ္ျခင္းကုိျဖတ္ လုိက္ပါေတာ႔ မယ္”။
“မိမိသာလွ်င္မိမိ ၏ ကုိးကြယ္ရာျဖစ္၏။ ထုိစကားသင္႔ စြ။ မိမိ မွတစ္ပါးျဖစ္ေသာ၊အဘယ္မည္
ေသာသူသည္၊အဘယ္သူ၏ ကုိးကြယ္ရာသည္၊ ျဖစ္နဳိင္ျခိမ္႔ အံ႕နည္း။ မိမိသည္သာလွ်င္၊ မိမိကုိယ္တုိင္သာလွ်င္၊
ေကာင္းစြာဣေျႏၵ ကုိ ဆုံးမျခင္းျဖင္႔၊ ရခဲေသာအရဟတၱဖုိလ္ တည္းဟူေသာ မွီရာကုိရနဳိင္၏။”
                        (၂)
 မိမိ စိတ္ကုိမိမိ အနည္းငယ္ ထိမ္းခ်ဳပ္နဳိင္လာေတာ႔ မွ မယ္ေတာ္ဘိကၡဳနီမေလး ေသေသခ်ာခ်ာ
 မိမိကုိယ္မိမိ စိစစ္ၾကည္႔မိပါသည္။

“ တကယ္ေတာ႔ ငါဟာ သားေတာ္ကုိ၊ေမတၱာစိတ္သက္သက္နဲ႔ ခ်စ္ေနျခင္းမွ မဟုတ္ခဲ႔ တာ။သားေတာ္အေပၚေႏွာင္ဖြဲ႔ေနတဲ
႔တဏွာေၾကာင္႔ အဆင္းးရဲၾကိး ဆင္းရဲေနခဲ႔တာပါလား။
 သားေတာ္ကုိ မခဲနုိင္မခြာရက္ျဖစ္ေနတာ၊ ခြဲရလုိ႔ဝမ္းနည္းတာ၊သားေတာ္နဲ႔ေဝးလုိ႔ပူေဆြးရတာ၊
မေတြ႕ရလုိ႔ မ်က္ရည္က်တာ၊သားေတာ္အဆင္မေျပလုိ႔ စိတ္ေသာကေရာက္ရတာေတြဟာ တဏွာရဲ႕လက္ခ်က္ေတြပါလား။
သားေတာ္အေပၚမွာ.တကယ္လုိ႔သာ.၊အက်ုိးလုိလာျခင္းဆုိတဲ႔ေမတၱာနဲ႔သာခ်စ္ခဲ႔ရင္၊ဝမ္းနည္းပူ
ေဆြးရတယ္၊မ်က္ရည္က် ငုိေၾကြးရတယ္ဆုိတာ ဘယ္ရွိပါ႔မလဲ။ တြယ္တာစြဲလမ္းလုိ႔သာ၊
တဏွာႏွိပ္စက္တဲ႔ဒဏ္ေၾကာင္႔မစားနဳိင္မအိပ္နဳိင္ဒုကၡျဖစ္ေနခဲ႔ရတာေပါ႕။ ေအာ္သက္ရွိသတၱဝါေတြဟာတဏွာအေႏွာင္အဖြဲ႔နဲ႔
ေႏွာင္ဖြဲ႔ခံရလုိ႔သာ ဆင္းရဲဒုကၡေတြအၾကိးအက်ယ္ခံစားေနရတာပဲ.။ ေလာကလူသားေတြဟာ တဏွာအေႏွာင္အဖြဲ႔ေၾကာင္႔ ဒုကၡ ေရာက္ေနၾကရတာပဲ။ ဒီတဏွာအေႏွာင္အဖြဲ႔ကုိ သက္ရွိသတၱဝါေတြ ေလာကလူသားေတြ ျဖတ္ေတာက္ျဖစ္ဖုိ႔မစြမ္းနဳိင္ၾကေပဘူး။ ဒီအေႏွာင္အဖြဲ႔ ကုိငါျပတ္ေအာင္ျဖတ္မယ္။

ေက်းဇူးၾကိးလွပါတယ္ သားေတာ္။အမွန္ေတာ႔သားေတာ္က
“ ငါ႔မယ္ေတာ္ကား ၊ငါ႔အထံမွအသာအယာ ဆုိေသာစကားကုိအကယ္၍ ရသည္ျဖစ္အံ႕။ပ်က္စီးရွာလတၱံ႕။ခက္ထန္တင္းမာေသာ
စကားကုိသာ ျပဳ၍ မယ္ေတာ္ကုိ ေျပာဆုိမွ ျဖစ္မည္”လုိ႔
 ၾကံ ခဲ႔တာ မဟုတ္လားဘုရား။ဒါေၾကာင္႔ခက္ထန္ေသာ စကားကုိဆုိခဲ႔  တာမဟုတ္လားဘုရား။သားေတာ္ရဲ႕ မ်က္လုံးေတြထဲမွာ
အမုန္းတရားလုံးလုံးမရွိခဲ႔တာ၊အမွန္တရားနဲ႔ကရုဏာအၾကည္႔ေတြပဲရွိခဲ႔တာပါဘုရား။
အေမကတဏွာ႕ေက်းကၽြန္မၾကိးဆုိေတာ႕ တဏွာေတြပိတ္ဖုန္းျပီး အမွန္ကုိဘယ္ျမင္နဳိင္ခဲ႔ ပါ႔မလဲ သားေတာ္။

တနည္းဆုိရရင္ေတာ႕သားေတာ္ဟာ၊ ျမတ္စြာဘုရားေဟာၾကား ဆုံးမေတာ္မူ႔တဲ႔အတုိင္း  စကားေျခာက္ခြန္း အနက္မွ
“ဟုတ္မွန္အက်ဳိးရွိေသာ္လည္းသူမ်ားမနာခံလုိေသာစကားမ်ဳိး”နဲ႔အေမရဲ႕အမုိက္ဇာတ္ကုိ
သိမ္းနဳိင္ေအာင္ ေျပာဆုိမိန္႔ၾကားျပိး ေမြးေက်းဇူးဆပ္ခဲ႔တာပါလား သားေတာ္..ဘုရား။
သားေတာ္ဟာ ျမတ္စြာဘုရားရွင္ ကုိယ္ေတာ္ျမတ္ၾကိးရဲ႔႕ တပည္႔သာဝကပီသလွပါေပတယ္။
 အေမဂုဏ္ယူဝမ္းေျမာက္လုိက္ပါဘိေတာ႕တယ္။

“ အုိ ဘုန္းေတာ္ၾကိး လွပါေသာျမတ္စြာ ဘုရား…ေယာဘဂဝါ..အၾကင္ျမတ္စြာဘုရားသည္၊ ဣတိပိ
ဣနာမိစ၊ ကာရေဏန၊ ဤ သုိ႕ အက်ဳိးမရွိသည္႔အရာ၌ သူနာလုိသည္ မနာလုိသည္ စကားႏွစ္တန္တြင္၊ မဟုတ္မမွန္သည္ ဟုတ္မွန္သည္ႏွင္႔စပ္ေသာ၊ ေလးရပ္ေသာစကားတုိ႔ကုိ ပယ္ရွားစြန္႔ ခြာ၍
ဟုတ္မွန္ေသာအရာ၌ သူနာလုိသည္တစ္ခ်က္ သူမႏွစ္သက္သည္တစ္ပါး၊ စကားႏွစ္မ်ဳိးတုိ႔ကုိ အက်ဳိးရွိက ဂတိသုိ႔မလုိက္၊ျဖစ္ထုိက္သည္႔အားေလ်ာ္္စြာေဟာဆုိေတာ္မူ သည္၏ အျဖစ္ေၾကာင္႔လည္း၊ ေသာဘဂဝါ
ထုိျမတ္စြာ ဘုရားသည္၊ သုဂေတာသုဂတဂုဏ္ႏွင္႔ ျပည္႔စုံေတာ္မူပါေပ၏။ ဣတိဂုဏသမၸႏၷံ..ဤ သုိ႕
သုဂတဂုဏ္ႏွင္႔ ျပည္႔စုံေတာ္မူေသာ၊ ျမတ္စြာဘုရားကုိ အရဟံ အကၽြႏု္ပ္သည္ သိရသာ ဥိးေခါင္းရတနာ
ျမတ္အဂၤါျဖင္႔ နမာမိ ရုိေသ ျမတ္နုိး ရွိခုိးပါ၏ ဘုရား”

* ကုမာရကႆ ပမယ္ေတာ္ ဘိကၡဳနီမသည္ ။သားေတာ္အေပၚ ၌ ျဖစ္ေသာခ်စ္ခင္ျခင္းကုိျဖတ္
လုိက္သည္ရွိေသာ္၊ ထုိေန႔၌ ပင္လွ်င္၊ အရဟတၱဖုိလ္သုိ႔ေရာက္ ေလ၏။*
                    (၃)
အက်ဳိးရွိေသာ စကားကုိေျပာဆုိျခင္းသည္ မဂၤလာတစ္ပါးျဖစ္ပါေပ၏။
သဂါထာဝဂၢ၊ ဝၤဂီသ သံယုတ္၊ သုဘာသိတသုတ္၌ စကားေကာင္းအရာ အဂၤါေလးပါးကို
ရွင္ေတာ္ျမတ္ဘုရား မိန္႔ၾကားေတာ္မူခဲ့သည္မွာ-
၁။ မိမိသူတပါး နွစ္ဦးသား၏ အက်ိဳးကို ေဆာင္ေသာ စကား၊
၂။ တရားစကား၊
၃။ ခ်စ္နွစ္သက္ဖြယ္ေသာစကား၊
၄။ မွန္ေသာ စကား၊ တုိ႔ျဖစ္ပါသည္။
အဂၤုတိၳဳရ္၊ ပဥၥက၊ ျဗာဟၼဏဝဂ္၊ ဝါစာသုတ္၌မူ စကားေကာင္းအရာ အဂၤါငါးပါးကို ျမတ္စြာဘုရား မိန္႔ၾကားေတာ္မူသည္။ ယင္းတို႔မွာ-
၁။ ေျပာသင့္ေသာအခ်ိန္၌ ေျပာဆိုေသာ စကား၊
၂။ မွန္ေသာ စကား၊
၃။ နူးညံ့ သိမ္ေမြ႕ေသာ စကား၊
၄။ အက်ိဳးစီးပြားနွင့္စပ္ေသာ စကား၊
၅။ ေမတၱာစိတ္ျဖင့္ေျပာေသာ စကား၊  ဟုေဟာၾကားေတာ္မူခဲ႔ ပါသည္။

သုိ႔ျဖစ္ပါ၍ မိမိ၏ အျပစ္အနာအဆာတုိ႔ကုိ သူတစ္ပါးက ေကာင္းေစခ်င္ေသာ ဆႏၵ ျဖင္႔ ေျပာဆုိလာေသာအခါ
“ဟုတ္တာဆုိ နာခံခက္လွေသာ္လည္းအမ်က္မထြက္မူပဲ”နားဝမွာ ခ်ဳိသာေသာစကားအျဖစ္ေျပာင္းလဲ ၍ နာခံနဳိင္ၾကပါေစ..ဟု ေရးသားတင္ျပလုိက္ပါသည္။
  
Source:FB

No comments:

ေန႔မွာ