ကက္ကလရည်ကြည်
သန္ဓေတည်ထဲက
ရှောင်ရှားလို့စား
ဒီမေတ္တာတရား
သေမင်းကိုအန်တု
ရန်ပြုမှာလည်းမကြောက်
သေရမှာလည်းမကြောက်
ဒီသားတယောက်
လူ့လောကရောက်ဖို့
သေမင်းနှုတ်ခမ်း
တဖတ်လှမ်းရသော်လည်း
သားလှရတနာ
လူ့လောကရောက်မှ
ပီတိအပြုံးနှင့်
ရှု့မဆုံးနိုင်ပဲ
ကြည့်နေတက်တဲ့
အိုမွေးမိခင်ရယ် .......။
ခွန်ဂျက်
1-8-2011
No comments:
Post a Comment