မူလစာမျက်နှာ

Thursday, 29 March 2012

ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ကိုယ်စားလှယ်လောင်းအချို့၏ ကိုယ်ရေးအကျဉ်း(၄)

Source:FB
ဒေါ်အောင်ဆန်းစုကြည်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း
ကော့မှူးမြို့နယ်
  • မွေးသက္ကရာဇ် - ၁၉-၆-၁၉၄၅
  • ပညာအရည်အချင်း - နယူးဒေလီရှိ လေဒီရှရီရမ်ကောလိပ်မှ နိုင်ငံရေးဘာသာဖြင့် ဘွဲ့ဒီဂရီရှိခဲ့၊ အောက်စဖို့ဒ်တက္ကသိုလ် စိန့်ဟုခ်ျကောလိပ်တွင် ပညာဆက်လက်သင်ကြားခဲ့ပြီး ဒဿနိက၊ နိုင်ငံရေး၊ စီးပွားရေးဘာသာတွဲဖြင့် မဟာဝိဇ္ဇာဘွဲ့ရရှိခဲ့၊ ၁၉၈၅-၁၉၈၆ ခုနှစ်တွင် ဧည့်ပညာရှင်အဖြစ်နှင့် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်၊ အရှေ့တောင်အာရှ သုတေသနဌာနသို့ သွားရောက်ခဲ့၊ ၁၉၈၇ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ Simla ရှိ အိန္ဒိယ အဆင့်မြင့် ပညာဆည်းပူးရာဌာန၌ သုတေသနပြုလုပ်ခဲ့၊ နိုဗယ်လ်ဆု အပါအ၀င် ဂုဏ်ထူး ဆောင် ဆုတံဆိပ် မြောက်များစွာရရှိခဲ့။
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော် ။
  • မဲဆန္ဒနယ် - ကော့မှူးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ -
  • ၁၉၆၉ ခုနှစ်မှ ၁၉၇၁ ခုနှစ်ထိ ဘူတန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာန အကြံပေးအရာရှိ အဖြစ်လည်းကောင်း၊ ၁၉၇၂ ခုနှစ်၌ နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ် အုပ်ချုပ်ရေးနှင့် ဘတ်ဂျက်ဌာန အကြံပေးကော်မတီတွင် လက် ထောက် အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်များထမ်းဆောင်ခဲ့။
  • ၁၉၈၈ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံကြီးတွင် လူထု ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဦးဆောင်ဖွဲ့စည်း ထူထောင်ခဲ့ပြီး အထွေထွေ အတွင်းရေးမှူးအဖြစ် ထမ်းဆောင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပြတ်အသတ် အနိုင်ရရှိခဲ့။ ယင်းနောက် နေအိမ် အကျယ်ချုပ်များဖြင့် ၁၅ နှစ်ခန့် ထိန်းသိမ်းခံရ၊ ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၁၃ရက်နေ့တွင် နောက်ဆုံးအကြိမ် နေအိမ်အကျယ်ချုပ်မှ ပြန်လည်လွတ်မြောက်ခဲ့၊ ၂၀၁၂ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်လည်ဖွဲ့စည်းပြီး မှတ်ပုံတင်သောအခါ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ဥက္ကဋ္ဌအဖြစ် တာဝန်အပ်နှင်းခြင်းခံရ။

ဦးသုဝေ(ဒီမိုကရက်တစ်ပါတီ(မြန်မာ))
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်္ဂလာတောင်ညွန့်မြို့နယ်
  • မွေးသက္ကရာဇ် - ၃၁-၁၂-၁၉၃၂
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မင်္ဂလာတောင်ညွန့်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ကျောင်းသားဘ၀တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ဒီမိုကရက်တစ်ပါတီ ကျောင်းသားများအဖွဲ့၊ ဖဆပလ လူငယ်အဖွဲ့၊ တော်လှန်ရေးပါတီဖြစ်သော ပါလီမန် ဒီမိုကရေစီ၊ ပြည်ချစ်လွတ်မြောက်ရေးတပ်မတော်နှင့် ပြည်ချစ်အသံလွှင့်ဌာနတို့တွင် ခေါင်းဆောင်အဖြစ်ပါဝင်ခဲ့။ ၂၀၁၀ ရွေးကောက်ပွဲတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးလော်ဆင်ကွမ်း(ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ)
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၃)၊ရှမ်းပြည်နယ်
  • မွေးသက္ကရာဇ် - ၃-၁-၁၉၄၃
  • ပညာအရည်အချင်း - B.E(Civil)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - အမျိုးသားလွှတ်တော်မဲဆန္ဒနယ်
    အမှတ်(၃)၊ ရှမ်းပြည်နယ်
    (လားရှိုး-တန့်ယန်း-မိုင်းရယ်-သိန်းနီ-ကွမ်လုံ)
  • အလုပ်အကိုင် - ကျောင်းအုပ်ကြီး၊ ကိုးကန့် ယဉ်ကျေးမှုစာပေသင်ကျောင်း
နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၃ ခုနှစ်မှ စတင်ကျင်းပသော အမျိုးသားညီလာခံတွင် အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းသည်အထိ တက်ရောက်ခဲ့၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဒေါက်တာမျိုးသန့်တင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မအူပင်မြို့နယ်
  • မွေးသက္ကရာဇ် -
  • ပညာအရည်အချင်း - B.E (Chemistry)၊ အင်္ဂလန်နိုင်ငံ၊ လဗ္ဗရာစက်မှု တက္ကသိုလ်မှ (M.Sc.Engg.)ဘွဲ့နှင့် ပါရဂူ(Ph.D) ဘွဲ့ရရှိ၊ အမေရိကန်နိုင်ငံ ကော်နယ်တက္ကသိုလ်မှ ပါရဂူ ဘွဲ့လွန်သုတေသနဘွဲ့ရှိခဲ့။
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မအူပင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - အမျိုးသားညီလာခံကိုယ်စားလှယ် အလုပ်သမားအစု အဖွဲ့သဘာပတိအဖြစ် (၁၉၉၃ ခုနှစ်မှ၂၀၀၆ ခုနှစ်)အထိဆောင်ရွက်ခဲ့။ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေးကော်မရှင်(၂၀၀၇-၂၀၀၈)။

ဦးမင်းသူ(ခ)ကိုဦး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ဥတ္တရသီရိမြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၈-၁၉၆၁
  • ပညာအရည်အချင်း - သိပ္ပံဘွဲ့၊ စိုက်ပျိုးရေးလုပ်ငန်းဒီပလိုမာ
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - စစ်ကိုင်းမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၉ ခုနှစ် အာဇာနည်နေ့ အခမ်းအနား ပြုလုပ်မှုဖြင့် အရေးပေါ်ပုဒ်မ(၅၊ည)ဖြင့် ထောင်ဒဏ်(၃)နှစ်၊ ၂၀၀၃ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်၏ မိုးကုတ်မြို့နယ် ခရီးစဉ် ဆောင်ရွက်ပေးမှုဖြင့် ၂၀၀၄ ခုနှစ်အထိ မန္တလေးထောင်တွင် ထိန်းသိမ်းခံရသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ပါဝင်လှုပ်ရှားခဲ့ခြင်းကြောင့် ပုဒ်မ ၅၀၅(ခ)၊ ၂၉၅(က)၊ ၁၄၇၊ ၁၄၉၊ ၁၅၂တို့ဖြင့် ထောင်ဒဏ် (၁၃) နှစ် ချမှတ်ခံရ။

ဦးကျော်သီဟ(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပြင်ဦးလွင်မြို့နယ်
  • မွေးသက္ကရာဇ် - ၂၃-၃-၁၉၅၉
  • ပညာအရည်အချင်း - မဟာဝိဇ္ဇာဘွဲ့
  • မဲဆန္ဒနယ် - ပြင်ဦးလွင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ အရေးတော်ပုံကာလ မန္တလေးတက္ကသိုလ် သပိတ်မှောက် တက္ကသိုလ်ဆရာများသမဂ္ဂကို မန္တလာကျောင်းဆောင်မှ စတင်ခဲ့ပြီး မန္တလေးမြို့နယ်လုံးဆိုင်ရာ အထွေထွေသပိတ်ကော်မတီ၊ အထက်ဗမာ နိုင်ငံလုံးဆိုင်ရာ သပိတ် တပ်ပေါင်းစု ဖွဲ့စည်းချိန်ထိ ပါဝင်ဆောင်ရွက်ခဲ့။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်တွင် တပ်မတော်ထောက်လှမ်းရေးက ဖမ်းဆီးခဲ့ပြီး စစ်ခုံရုံးအမှတ်(၁)က ၁၉၅၀ အရေးပေါ် စီမံမှုအက်ဥပဒေ ပုဒ်မ ၅(ည)ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရ။ မိတ်ဖက်ပရဟိတ အသင်းအဖွဲ့များစုပေါင်း၍ 'စိမ်းလန်းပြင်ဦးလွင်'အဖွဲ့ ဖွဲ့စည်းပြီး သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။

ဦးခင်မောင်ဝင်း(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ပြင်ဦးလွင်မြို့နယ်
  • မွေးသက္ကရာဇ် - ၇-၈-၁၉၅၅
  • ပညာအရည်အချင်း - LL.B
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပြင်ဦးလွင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း တည်ထောင်သည့် ၁၉၉၃ ခုမှစတင်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း စည်းရုံးရေးမှူး၊ မြို့နယ်ကော်မတီဝင်၊ ခရိုင်ကော်မတီဝင်၊၊ ပြင်ဦးလွင် ခရိုင်ပါတီ အတွင်းရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့။

ဦးထွန်းကြည်(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မဟာအောင်မြေမြို့နယ်
  • မွေးသက္ကရာဇ် - ၁၃-၂-၁၉၄၀
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မဟာအောင်မြေမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပါတီယူနစ် အတွင်းရေးမှူး၊ ပါတီယူနစ် ယာယီဥက္ကဋ္ဌတာဝန်ဖြင့် မကွေးတိုင်း ဆပ်သွား၊ ဆောနှင့် ချင်းပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့။ အမှတ် ၂ တိုင်းခွဲ ချောက်မြို့တွင် တိုင်းခွဲရေးရာမှူး၊ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင် ပါတီယူနစ်ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့။ ပဉ္စမအကြိမ် ပါတီညီလာခံတွင် ဗဟိုကော်မတီဝင်အဖြစ် ရွေးချယ်ခံရပြီး မန္တလေးတိုင်းဒေသပါတီ ကော်မတီဝင် တာဝန်ထမ်းဆောင်ခဲ့။

ဦးစိန်ဝင်း(ခ)ဦးစိန်ဝင်းဟန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မအူပင်မြို့နယ်
  • မွေးသက္ကရာဇ် - ၁-၁-၁၉၅၇
  • ပညာအရည်အချင်း - စိုက်ပျိုးရေးဘွဲ့(B.Ag)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မအူပင်မြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၈ လေးလုံး လူထုတော်လှန်ရေးတွင် ရှမ်းပြည်နယ် တောင်ပိုင်း၊ နန့်စန်မြို့နယ် ၀န်ထမ်းသမဂ္ဂတွင် စည်းရုံးရေးမှူးအဖြစ် ဆောင်ရွက်ခဲ့၊ ၂၀၁၀ ပြည့်နှစ်တွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)၏ ဗဟိုကော်မတီဝင်အဖြစ် လည်းကောင်း၊ မန္တလေးတိုင်းဥက္ကဋ္ဌ(၂)အဖြစ် လည်းကောင်း၊ မြင်းခြံခရိုင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း တာဝန်ယူဆောင်ရွက်ခဲ့၊ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ (မြင်းခြံ၊ နွားထိုးကြီး၊ ငါန်းဇွန်) မဲဆန္ဒနယ်မြေ အမှတ်(၅) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့။ ၂၀၁၁ ခုနှစ် ဧပြီလတွင် ဒီမိုကရက်တစ်ပါတီ(မြန်မာ)မှ မိမိသဘောဆန္ဒအရ နှုတ်ထွက်ခဲ့သည်။

ဦးအောင်မျိုးလှိုင်(ခ)ကိုဖိုးအောင်(အမျိုးသားဒီမိုကရေစီအင်အားစု)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မြောင်းမြမြို့နယ်
  • မွေးသက္ကရာဇ် - ၁၈-၆-၁၉၆၁
  • ပညာအရည်အချင်း -
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မြောင်းမြမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ အရေးတော်ပုံကြီးမှ စတင်၍ နိုင်ငံရေးလောကသို့ ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မြောင်းမြမြို့နယ်စည်းရုံးရေး ကော်မတီနှင့် ခရိုင်လူငယ်တာဝန်ခံအဖြစ် ဆောင်ရွက်ခဲ့။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ်မြေ (၇)တွင် ကိုယ်စားလှယ်လောင်းအဖြစ် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ ကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ခဲ့။

ဦးပေါခင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
နွားထိုးကြီးမြို့နယ်
  • မွေးသက္ကရာဇ် - ၁၁-၁-၁၉၄၇
  • ပညာအရည်အချင်း - B.E(CIVIL)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - နွားထိုးကြီးမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - စက်မှုတက္ကသိုလ် ကျောင်းသားဘ၀တွင် ဖြတ်သန်းခဲ့ရသော ကျွန်းဆွယ်အရေးအခင်း၊ ဦးသန့်အရေးအခင်းများတွင် ပါဝင်ခဲ့။ ၁၉၈၈ ခုတွင် နိုင်ငံရေးလောကသို့ ၀င်ရောက်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အဖြစ် မြင်းခြံမြို့နယ် စည်းရုံးရေး ဒု-ဥက္ကဋ္ဌ၊ မန္တလေးတိုင်း စည်းရုံးရေးအဖွဲ့ဝင်နှင့် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေ(၁)၌ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သော ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်။

ဒေါ်ခင်မွှေးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မင်းကင်းမြို့နယ်
  • မွေးသက္ကရာဇ် - ၁၀-၅-၁၉၆၇
  • ပညာအရည်အချင်း - B.Sc (IC)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မင်းကင်းမြို့နယ်
  • အလုပ်အကိုင် - ရွှေပြည်တန် (စိန်ရွှေရတနာရောင်းဝယ်ရေး)
နိုင်ငံရေးအတွေ့အကြုံ - ၁၉၈၈ လူထုလှုပ်ရှားမှုတွင်ပါဝင်ခဲ့၊ ၁၉၉၀ ရွေးကောက်ပွဲတွင် NLD ပါတီအောင်နိုင်ရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့။

ဦးဖြိုးဇေယျာသော်(ခ)ဇေယျာသော်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
ပုဗ္ဗသီရိမြို့နယ်
  • မွေးသက္ကရာဇ် - ၂၆-၃-၁၉၈၁
  • ပညာအရည်အချင်း - ၀ိဇ္ဇာဘွဲ့(အင်္ဂလိပ်စာ)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - ပုဗ္ဗသီရိမြို့နယ်
နိုင်ငံရေးအတွေ့အကြုံ - ၂၀၀၇-ခုနှစ် စက်တင်ဘာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ဆောင်ရွက်ခဲ့၊ မျိုးဆက်သစ်လူငယ်များ အစည်းအရုံး Generation Wave ကို ထူထောင်ပြီး ပြည်သူများ၏ ရင်တွင်းခံစားချက်များကို ဖော်ထုတ်ခဲ့သည်။ ၂၀၀၈-ခုနှစ် မတ်လတွင် စစ်ဖက်ဆိုင်ရာ ထောက်လှမ်းရေးမှ ဖမ်းဆီးစစ်ဆေး၍ ထောင်ဒဏ်(၆)နှစ်ချမှတ်ခြင်းခံခဲ့ရ။

ဦးမင်းဦး(ခ)ဦးမင်းကြည်
(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း
မဲဆန္ဒနယ်အမှတ်(၇)၊ ပဲခူးတိုင်းဒေသကြီိး
  • မွေးသက္ကရာဇ် - ၅-၈-၁၉၇၁
  • ပညာအရည်အချင်း - B.Sc(Chem)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - အမျိုးသားလွှတ်တော်
  • မဲဆန္ဒနယ် - အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၇)၊
    ပဲခူးတိုင်းဒေသကြီး(အုတ်တွင်း-ထန်းတပင်)
လူမှုရေးဆောင်ရွက်မှုများ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဗဟို)တွင် လူမှုအထောက်အကူပြု လုပ်ငန်းများကို ၂၀၀၂ ခုနှစ်မှ ယနေ့အထိ ပူးပေါင်းဆောင်ရွက်နေ၊ ဗဟိုဘဏ္ဍာငွေ ရှာဖွေရေးကော်မတီအဖွဲ့ဝင်၊ တိုင်းရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(တောင်ငူ) ပညာရေးကွန်ရက်တွင် အင်္ဂလိပ်ဘာသာပြဆရာ။

ဦးတင်စိုးမိုးနိုင်(ခ)ဦးပီတာ
(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ)

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
မော်လမြိုင်မြို့နယ်
  • မွေးသက္ကရာဇ် - ၈-၅-၁၉၆၁
  • ပညာအရည်အချင်း - B.Sc(Chem)
  • ပါဝင်ယှဉ်ပြိုင်မည့်လွှတ်တော် - ပြည်သူ့လွှတ်တော်
  • မဲဆန္ဒနယ် - မော်လမြိုင်မြို့နယ်
  • အလုပ်အကိုင် -
နိုင်ငံရေးအတွေ့အကြုံ - ၁၉၉၃ ခုနှစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း စတင်ဖွဲ့စည်းရာတွင် ပြည်နယ် အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၂၀၁၀ပြည့်နှစ် ပါတီအဖြစ်သို့ ပြောင်းလဲရာတွင် ပြည်နယ်ပါတီ အတွင်းရေးမှူးအဖြစ်လည်းကောင်း ယနေ့ ထိ ဆောင်ရွက်လျက်ရှိ၊ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံသို့ တိုင်းရင်းသားလူမျိုးစုအဖွဲ့ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရာတွင် တိုင်းရင်းသား လူမျိုးများအစုအဖွဲ့ ကိုယ်စားလှယ်များကိုယ်စား စာတမ်းပြုစုသူ(၁၇) ဦးအနက် တစ်ဦးအပါအ၀င်ဖြစ်။

No comments:

နေ့မှာ