Source:FB
မဲဆန္ဒရှင်များ မဲပေးရာတွင် အဆင်ပြေစေရန် ၂၀၁၀ ရွေးကောက်ပွဲတွင် မဲ စလစ်များကို ရပ်ကွက် ကော်မရှင် များက ကြိုတင် ပေးထားသောလည်း ယခု ကြားဖြတ်တွင် မန်းတွင် မဲစလစ်မပေးတော့ ကြောင်း သိရသည်။
" မဲစလစ်တွေ ရိုက်ထားပါတယ်။ နာမည်နဲ့ မဲနံပါတ်တောင် ရေးပြီးပါပြီ။ ဒါပေမယ့် ပါတီတစ်ချို့ က မဲဆွယ်တယ် ဆိုပြီးပြောကြလို့ မဲစလစ် မပေးတော့ပါဘူး။ မဲရုံမှာတော့ မဲနံပါတ် သင်ပုန်းတွေ ထောင်ထားပါတယ်။ အဲဒီမှာ မိမိ မဲစာရင်း ကြည့်နိုင်ပါတယ်။ မဲပေးရာမှာ နာမည်စာရင်း ရှာဖို့ မဲရုံတစ်ရုံမှာ သက်ဆိုင်ရာ ရပ်ကွက် ကွက်စိတ်မှူး ၃ ဦးစီ ထားပေးထားမယ် ဟု မဟာမြိုင် ၁ ရပ်ကွက် ကော်မရှင်ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

No comments:
Post a Comment