ခုထိ ညီအကိုမသိတသိပဲလား
ကြာကြာဝါးပေမယ့်….
အသက်ကို မျှင်းမျှင်းရှူရှိုက်
အလိုက်သင့် မျှောလိုက်ရင်းဈေးဆစ်
မြစ်မချမ်းသာဖြစ်ခဲ့ရ ကြာပေါ့။
ဘယ်အကျော့မှာ ဘယ်သော့နဲ့ ဖွင့်မှာပါလဲ
လဲရာသူခိုးထောင်း ဖြစ်စဉ်မှာ
မြေဆီလွှာသာ တစစ ခန်းခြောက်
ကျည်တောက်စွပ်ဖို့ ကြိုးစားနေကြဆဲ
ကျားရဲငစဉ်းလဲ ဆွဲပြီးရင်းဆွဲတဲ့ ဇာတ်နာ။
အဲဒီကဗျာလွတ် အက ဒိုးသံအလိုက်
အနှေးရိုက်ချက်များနဲ့သာ
အဖာရာ အထပ်ထပ်အောက်
မျှော်လင့်ချက်ပျောက်
နိုင်ငံပျောက် ဘ၀ပျောက် အသက်ပျောက်
အလှပျောက် အရှက်ပျောက် မျက်နှာပျောက်
နောက်ဘယ်နှစ်နှစ် စောင့်ရအုံးမလဲ …
တွဲလဲရယ် နေပါအုံး မိုးတောင်ကချုန်း
မုန့်လုံး… မုန့်လုံးကိုစက္ကူ ကပ် ကြာပလပ်မှာ
ဆွမ်းတော်တင် ပုလ္လင်ပေါ်ကမျောက်ကလေး
ဆင်းတယ်လို့ပြေး… ဂျာအေး…
ဂျာအေးကိုသူ့အမေရိုက် မှောင်မိုက်မှာငို
ကိုယ်လူပျိုထရံပေါက် ခြေထောက်ကိုဆွဲ
တွဲလဲ.. တွဲလဲရယ်နေပါအုံး… မိုးတောင်ကချုန်း
မုန့်လုံး…မုန့်လုံးကို စက္ကူကပ်…။
တခန်းမရပ် အလွမ်းဇာတ်လည်း …။ ။
စိုးနေလင်း
Source:naytthit
No comments:
Post a Comment