မူလစာမျက်နှာ

Thursday, 14 July 2011

ထိုင်းရဲ့ တရားဝင် နေ့ တွက်ခ


ဘုရားသုံးဆူဒေသ အလုပ်သမားများ (ဓာတ်ပုံ - ဧရာဝတီ)

ဘုရားသုံးဆူတဘက်ကမ်းက နေ့စားခ ၁၅ ဘတ် တိုးရေး ဆန္ဒပြတာ အဆုံးမသတ်သေးဘူးလို့ သိရပါတယ်။
သူတို့ အလုပ်မဆင်းတဲ့နည်းနဲ့ စက်ရုံပိုင်ရှင်ကို ဆန္ဒပြနေတာ ၄ ရက် ရှိသွားပါပြီ။

ထိုင်းအစိုးရက အဲဒီဒေသမှာ အလုပ်သမားတွေကို နေ့တွက်ခ ၁၈၁ ဘတ် ပေးဖို့ သတ်မှတ်ထားတာပါ။

လောလောဆယ်တော့
လုပ်သက်အပေါ် မူတည်ပြီး သူတို့ရတာက ၆၅ ဘတ်ကနေ ဘတ် ၈၀ အထိ လို့ ဆိုပါတယ်။

အခု တောင်းနေတာ အစိုးရပြဋ္ဌာန်းထားတဲ့အတိုင်း ပေးဖို့ မဟုတ်ပါဘူး။ ၁၅ ဘတ်ပဲ တိုးပေးဖို့ ပြောနေတာပါ။
(၁၅ ဘတ် = ဒေါ်လာဝက်)

အစိုးရ ဥပဒေထုတ်ပြီး သတ်မှတ်ပေးတဲ့ အနိမ့်ဆုံး နေ့တွက် လုပ်အားခ ရရေး ဆိုတာ ထိုင်းနိုင်ငံသားတွေအတွက်ပဲမဟုတ်ဘူး၊ နိုင်ငံခြားသားတွေလည်း အကျုံးဝင်တယ် လို့ အလုပ်သမားအဖွဲ့တခုက ပြောပါတယ်။

"ဒီဥပဒေက အလုပ်သမားတယောက်ကို အနိမ့်ဆုံးလခ ဒီလောက် ပေးကို ပေးရမယ် လို့ ဆိုလိုတယ်။
ထိုင်းတွေအတွက် သီးသန့် ဆိုပြီး ခွဲခြား သတ်မှတ်ထားတာ မရှိဘူး။
ထိုင်းပဲ ဖြစ်စေ၊ နိုင်ငံခြားသားပဲ ဖြစ်စေ ရကို ရရမယ့် လုပ်အားခပဲ"

ရောင်ခြည်ဦး အလုပ်သမား အဖွဲ့ တာဝန်ခံ ကိုမိုးဆွေ ပြောသွားတာပါ။

အနိမ့်ဆုံး နေ့တွက်ခတွေက ခရိုင်တခုနဲ့ တခု မတူပါဘူး။
ထိုင်းအလုပ်သမားဝန်ကြီးဌာန ၀က်ဆိုက် mol.go.th မှာ ဇယားချ ဖော်ပြထားတာကို ကူးယူ ဖော်ပြပေးပါ့မယ်။ ၂၀၁၁ ဇန်န၀ါရီ ၁ ရက်နေ့က အစပြုပြီး ဒီနှုန်းအတိုင်း ပေးရမယ် ဆိုပဲ။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတဲ့ ဖူးခက်ဒေသကို နေ့တွက်ခ ဘတ် ၂၀၀ ကျော် သတ်မှတ်ထားပါတယ်။
မဟာချိုင် ဘန်ကောက်လည်း ၂၀၀ ကျော်ပါပဲ။
မြန်မာပြည်သား များတဲ့ ခရိုင်တွေက ဘတ် ၂၀၀ ၀န်းကျင် သတ်မှတ်ထားတဲ့ ခရိုင်တွေပါ။
Source:irrawaddyblog

No comments:

နေ့မှာ