၂ ရက်သာ လိုတော့သည့် ထိုင်းအလုပ်သမား မှတ်ပုံတင် Work permit ပြုလုပ်ပြီးချိန်တွင်
“မနေ့ညထိတော့ ၄ သိန်း ၉ သောင်းကျော် လုပ်ပြီးပြီ၊ ဒီနေ့က ၅ သိန်းကျော်ပြီ” ဟု ထိုင်းနိုင်ငံတွင် လူအခွင့်အရေး
များ ဆောင်ရွက်နေသည့် ဘန်ကောက်အခြေစိုက် လူအခွင့်အရေး တိုးတက်ရေးအဖွဲ့ HRDF ၏ အကြံပေးပုဂ္ဂိုလ် အန်ဒီဟော Andy Hall က မဇ္ဈိမကို ပြောသည်။
ထိုင်းအစိုးရက ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၄ ရက်အထိ တလတာအတွင်း မှတ်ပုံတင်ခွင့် ပြုထားပြီး၊ တရားဝင် မှတ်ပုံတင် ပြုလုပ်ခ ၃၉၈ဝ ဘတ် ကုန်ကျသည်။ သို့သော် အလုပ်သမား အများစုကမူ မြန်ဆန်လွယ်ကူသည့် ပွဲစားများဖြင့်သာ ပြုလုပ်ခဲ့ကြသည်။
ပွဲစားဖြင့် လုပ်ပါက ထိုင်းဘတ်ငွေ ၅ဝဝဝ ကျော်မှသည် ၇ဝဝဝ ထိ ကုန်ကျမှုများရှိသည်။
တရားဝင်လုပ်သား မှတ်ပုံတင် ပြုလုပ်ရာ၌ အလုပ်ရှင်၏ ထောက်ခံချက်၊ ဆေးစစ်ချက်အပြင်၊ ကိုယ်ရေးအကျဉ်း စသည်တို့ ဖြည့်သွင်းရသည်။
ထိုင်းတွင် မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ၂ သန်းအထက် ရှိသည်ဟု ခန့်မှန်းထားသည့်အနက် ယာယီ
နိုင်ငံကူးလက်မှတ် ရပြီးသူနှင့် တရားဝင် အလုပ်သမား မှတ်ပုံတင် ပြုလုပ်ပြီးသူ ၁ သန်းခွဲကျော် ရှိသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသူများက ပြောသည်။
အလုပ်သမား မှတ်ပုံတင် ပြုလုပ်စဉ်အတွင်း အလုပ်သမားများကို မဖမ်းဆီးရန် ထိုင်းအလုပ်သမား ဝန်ကြီးဌာနက
ညွှန်ကြားထားသည်။
Source:mizzimaburmese
No comments:
Post a Comment