မူလစာမျက်နှာ

Thursday, 9 June 2011

ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မြန်မာသို့ ရောက်

ထိုင်း ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် General Songkitti Jaggabatara ဦးဆောင်သည့်အဖွဲ့သည် ယမန်နေ့က နေပြည် တော်သို့ရောက်ရှိလာပြီး သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် အပါအ၀င် အစိုးရ၀န်ကြီးများနှင့် တွေ့ဆုံကြောင်း၊ တွေ့ဆုံရာ၌ နယ်စပ်ဒေသ တည်ငြိမ်ရေးနှင့် ၂ နိုင်ငံတပ်မတော် ညှိနှိုင်း ဆောင်ရွက်ရေး ကိစ္စများကို ဆွေးနွေးကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။ သီတင်းတပတ် အတွင်း ဒုတိယ အကြိမ် ထိုင်းစစ်ဘက်ဆိုင်ရာ အကြီးအကဲများ လာရောက်ခြင်းဖြစ်ပြီး မေလ ၃၁ ရက်နေ့ကလည်း ထိုင်းဘုရင့် ရေတပ် ဦးစီးချုပ် Admiral Khamthorm Pumhiran လာရောက်ခဲ့သေးသည်။
Source:irrawaddy

No comments:

နေ့မှာ