မူလစာမျက်နှာ

Thursday, 30 June 2011

တရားမဝင်မီးစက်တွေ ဖယ်ရမယ်

မြို့လယ်က မီးစက်ကြီးတလုံး (ဓာတ်ပုံ - ပေါ်ပြူလာ သတင်း ဂျာနယ်)

မြန်မာပြည်မှာ သတင်းစာဖတ်ရင် ဓာတ်လိုက်မှာ ကြောက်ရပေမယ့် အပြင်မှာတော့ မီးက မမှန်တာ အထူးပြောဖို့ မရှိပါဘူး။ မီးမမှန်တော့လည်း မီးစက် ဝယ်သုံးကြပေါ့။ ပေါ်ပြူလာသတင်းဂျာနယ်မှာ ဖတ်လိုက်ရတာကတော့ ပလက်ဖောင်းပေါ်က တရားမဝင် မီးစက်တွေ ဖယ်ရှားရမယ်လို့ ဆိုပါတယ်။

မြို့တွင်းက ပလက်ဖောင်းတွေမှာ ကြီးကြီးငယ်ငယ် တွေ့ရတတ်တဲ့ မီးစက်တွေထဲက ၉၀ ရာခိုင်နှုန်းဟာ တရားမဝင် နေရာ ယူထားတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ တရားဝင် ခွင့်ပြုတာက မီးစက် ၁၀ လုံးပေမယ့် တရားမဝင် နေရာယူထားတာက အလုံး ၁၀၀ ရှိပါသတဲ့။ အဲသလို ရှိနေတာကိုလည်း မသိခဲ့ဘူးတဲ့၊ အခု ပလက်ဖောင်းဈေးသည် စစ်ဆင်ရေးလုပ်မှပဲ သိလာရပါသတဲ့။ (အရင် မြို့တော်ဝန် ဦးအောင်သိန်းလင်း ဘယ်လို စီမံခန့်ခွဲသွားတယ်တော့ မသိပါ။)

ရန်ကုန်မြို့မှာ လုပ်ငန်းတခုစာ လည်ပတ်ဖို့ မီးစက်ကြီးတွေဆိုတာကလည်း လူတရပ်စာမက မြင့်တဲ့ အကြီးကြီးတွေပါ။ ပလက်ဖောင်းပေါ် လမ်းလျှောက်ရင် မီးစက်ကြီးတွေနားကျ လမ်းကကျဉ်းလို့ တိုးဝှေ့ သွားနေရတာပါ။ ဒါကြီးတွေ တရားမဝင်လို့ ဖယ်ရမယ်ဆို ဘယ်နေရာများ သွားထားကြမလဲဆိုတာ မတွေးတတ်အောင်ပါပဲ။

Source:irrawaddyblog

No comments:

နေ့မှာ