မူလစာမျက်နှာ

Tuesday, 7 June 2011

၇၄ မျိုးဆက်များ ရန်ကုန်တွင် တွေ့ဆုံ

၁၉၇၄၊ ဇွန် ၆ အလုပ်သမားအရေးအခင်း နှစ်ပတ်လည်နေ့ကို ယမန်နေ့က ရန်ကုန်မြို့ တနေရာတွင် ပြုလုပ်ရာ ထိုလှုပ်ရှားမှုတွင် ပါဝင်၊ ဦးဆောင်ခဲ့သူ ၅၀ ခန့် တက်ရောက်ကြသည်။ ၎င်းတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုကို ဆက်လက် ထောက်ခံသွားကြမည်ဟု နှစ်ပတ်လည်နေ့ အစီအစဉ်သို့ တက်ရောက်လာသည့် ၇၄ မျိုးဆက် ခေါင်းဆောင် တဦးက ပြောသည်။ “(၁၉၇၄ ကတည်းက) အလုပ်သမား အခွင့်အရေး တောင်းဆိုခဲ့တယ်။ ထောင်ဒဏ်တွေ အသီးသီး ကျခံခဲ့ရပေမယ့် ၁၉၈၈ ခုနှစ်မှာလည်း ပူးပေါင်း ပါဝင်ခဲ့တယ်။ အခုလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ အတွက် တိုက်ပွဲ ၀င်နေဆဲဖြစ်တယ်” ဟု သူက ရှင်းပြသည်။
Source:irrawaddy

No comments:

နေ့မှာ