မူလစာမျက်နှာ

Friday, 10 June 2011

ရဲ အလှူငွေကြောင့် ရေနံချောင်းသားများ အခက်အခဲဖြစ်

မကွေးတိုင်း ရေနံချောင်းမြို့ မြို့မရဲစခန်းမှ ရဲဝန်ထမ်းများသည် မြို့နယ်မှူး၏ အစီအစဉ်ဖြင့် အလှူငွေဟု ဆိုကာ ဒေသခံ ကျေးရွာများရှိ ဆိုင်ကယ်စီးပြည်သူများထံမှ ကျပ် ၃၀၀၀ မှ ၅၀၀၀ အကြား ငွေကြေးကောက်ခံမှုများ ပြုလုပ်နေကြောင်း ရေနံချောင်း  သားတဦးက ပြောပြသည်။ ယင်းသို့ ကောက်ခံနေသည်မှာ တလ ခန့်ရှိပြီဖြစ်ကြောင်း၊ နေ့စဉ် နံနက် ၈ နာရီမှ ၁၂နာရီ ခန့်အထိ ကောက်ခံလျက်ရှိရာ ဒေသခံပြည်သူများ အခက်အခဲ ကြုံနေကြရကြောင်း သိရသည်။
Source:irrawaddy

No comments:

နေ့မှာ