" ကျနော်တို့ကို ဒီကနေ့ မနက် ၉ နာရီလောက်မှာ လွှတ်ပေး လိုက်ပါတယ်။ ကျနော် အပါဝင် အကျဉ်းသား ၂၀ လွတ်လာခဲ့ပါတယ်။ ဒီနေ့ လွတ်လာတဲ့ အထဲမှာ အများအားဖြင့် ကျနော်တို့ မွတ်ဆလင် ကုလားတွေ ဖြစ်ပါတယ်။ ရခိုင်နဲ့ တခြား တိုင်းရင်းသားတွေက နည်းနည်းပဲ ပါဝင်ပါတယ်။ ကျနော့်က လ၀က အမှုနဲ့ ထောင်ကျခံခဲ့ရသူ ဖြစ်ပါတယ်" ဟုပြောသည်။
ယနေ့ လွတ်မြောက်လာသည့် အကျဉ်းသားထဲမှာ အများအားဖြင့် သာမန် အမှုများဖြင့် အကျဉ်းကျ ခံနေရသူများ ဖြစ်ကြောင်း အမည် မဖေါ်လိုသူ ဘူးသီးတောင်က ရဲအရာရှိ တဦးက ပြောသည်။
" အများအားဖြင့် ဒီကနေ့ လွတ်လာတဲ့ အကျဉ်းသားတွေကတော့ ဓါးပြမှု၊ ရာဇ၀တ်မှု၊ တရား မ၀င်နိုင် ငံခြား မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ သူခိုးမှုတွေများပါတယ်။ နိုင်ငံရေး သမားတွေတော့ မပါဝင်သေးပါဘူး" ဟု သူက ပြောသည်။
၎င်းပြင် သူက " ဘူးသီးတောင် အကျဉ်းထောင်ထဲမှာ အကျဉ်းသား စုစုပေါင်း ၁၅၆၀ ဦးရှိပါတယ်။ ဒီအထဲက ၃၄၁ ဦးကို လွှတ်ပေးမှာ ဖြစ်ပါတယ်။ မေလ ၁၈ ရက်ကနေ ၂၄ ရက်နေ့ထိ တသုတ်ပြီး တသုတ် လွှတ်ပေးသွားမှာ ဖြစ်ပါတယ်" ဟု သူက ပြောသည်။
လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်သက်တမ်းစေ့၍ ဘူးသီးတောင်ထောင်ထဲမှ လွှတ်မြောက်လာမည့်သူ ၃၄၁ ဦး အထဲတွင် နိုင်ငံရေး အကျဉ်းသား မည်မျှ ပါဝင်မည်ကိုမူ နိရဉ္စရာ ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
ရွှေဝါရောင်တော်လှန်ရေးကို စစ်တွေတွင် ဦးဆောင်ခဲ့၍ ထောင် (၇) နှစ်ခွဲ ချမှတ်ခံရသူ အရှင်အိသရိယလည်း လွှတ်မြောက်သူများ အထဲတွင် ပါဝင်လာမည် ဖြစ်ကြောင်း သတင်း ဖြစ်ပေါ်နေသည်ဟု သိရသည်။
Source:narinjara
No comments:
Post a Comment