ကချင်ပြည်နယ် တရုတ်နယ်စပ် လိုင်ဇာမှ မြစ်ကြီးနားဘက်တွင်ပြန်လည်ရောင်းချရန် ၀ယ်ယူစီးနင်းလာသည့် ဆိုင်ကယ် ၁၈ စီးကို မြန်မာအစိုးရသစ်အာဏာပိုင်များက ဖမ်းဆီးပြီး ယခုအခါ ၀ိုင်းမော်မြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းထားသည်ဟု သိရသည်။
ဧပြီလ ၂၉ ရက်၊ သောကြာနေ့ ညနေပိုင်း လိုင်ဇာမှ မြစ်ကြီးနားသို့အပြန် ခရီးတစ်ဝက် မလိချောင်းကူးတံတားတွင် ၎င်းဆိုင်ကယ် ၁၈ စီးအားဖမ်းဆီးသွားခြင်းဖြစ်သည် ဟု ဒေသခံတစ်ဦးပြောသည်။

၎င်းတရုတ်ဖြစ်လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာကြသူများကိုမူ ဖမ်းဆီးထိန်းသိမ်းမရှိဘဲ ဆိုင်ကယ်များကိုသာ ၀ိုင်းမော် ရဲစခန်းတွင် သိမ်းဆီးထားသည်ဟု ဆိုသည်။
“လူကြီးခရီးစဉ်ရှိလို့ဖမ်းတာတဲ့၊ လီဆူအမျိုးသမီး ၂ ယောက်က သူတို့ဆိုင်ကယ်လည်းပါသွားတော့ ငိုယိုနေလိုက်ကြတာ” ဟု ဒေသခံတစ်ဦးပြောသည်။
လိုင်စင်မဲ့တရုတ်ဆိုင်ကယ်သစ်တစ်စီးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာတွင် KIO အကောက်ခွန်သို့် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး လဂျားယန်မြန်မာစစ်တပ်ဂိတ်အပါအ၀င် မြစ်ကြီနားသို့အရောက် စုစုပေါင်း လမ်းရှင်းခ(ဂိတ်ကြေး) ကျပ်၂၅၀၀ ကုန်ကျသည်ဟု ဆိုင်ကယ်စီးနင်းရောင်းချသူ(ဆိုင်ကယ်ကယ်ရီ) တစ်ဦးပြောသည်။
မြစ်ကြီးနားဘက်သို့ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကန်ပိုင်တီနှင့် KIO ထိန်းချုပ်ရာလိုင်ဇာ နယ်စပ် ၂ ခုမှ ဆိုင်ကယ်များ အဓိက တင်သွင်းသည်။
ကန်ပိုင်တီနယ်စပ်တွင် ဆိုင်ကယ်ဈေးသက်သာသော်လည်း တရုတ်ကုမ္ပဏီများက မောင်းနင်နိုင်ရန်စက်ဆင် မ ပေးသည့်အတွက် ၀ယ်ယူသူများသည်ကုန်တင်ကားဖြင့်သာ ဆိုင်ကယ် သယ်ယူနိုင်သည်။ လိုင်ဇာတွင်မူ ဆိုင်ကယ်ဈေးပိုများသော်လည်း စက်ဆင်ပေးသဖြင့် ဆိုင်ကယ်ကယ်ရီသမားများက ခရီးစရိတ် ကားခကျပ် ၁၅၀၀-၃၀၀၀ ကုန်ကျကာ ၀ယ်ယူ စီးနင်းကြသည်ဟု ဆိုသည်။

မြစ်ကြီးနား မော်တော် ယာဉ်ထိန်းသိမ်းရေး စခန်းတွင် ဖမ်းဆီးထားသော လိုင်စင်မရှိ တရုတ်ဆိုယ်ကယ်များ။ ဓါတ်ပုံ-ကချင်သတင်းဌာန
၎င်းတရုတ်ဖြစ်လိုင်စင်မဲ့ဆိုင်ကယ်စီးနင်းလာကြသူများကိုမူ ဖမ်းဆီးထိန်းသိမ်းမရှိဘဲ ဆိုင်ကယ်များကိုသာ ၀ိုင်းမော် ရဲစခန်းတွင် သိမ်းဆီးထားသည်ဟု ဆိုသည်။
“လူကြီးခရီးစဉ်ရှိလို့ဖမ်းတာတဲ့၊ လီဆူအမျိုးသမီး ၂ ယောက်က သူတို့ဆိုင်ကယ်လည်းပါသွားတော့ ငိုယိုနေလိုက်ကြတာ” ဟု ဒေသခံတစ်ဦးပြောသည်။
လိုင်စင်မဲ့တရုတ်ဆိုင်ကယ်သစ်တစ်စီးအတွက် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဌာနချုပ်လိုင်ဇာတွင် KIO အကောက်ခွန်သို့် ကျပ်ငွေ ၁၀၀၀ ပေးဆောင်ရပြီး လဂျားယန်မြန်မာစစ်တပ်ဂိတ်အပါအ၀င် မြစ်ကြီနားသို့အရောက် စုစုပေါင်း လမ်းရှင်းခ(ဂိတ်ကြေး) ကျပ်၂၅၀၀ ကုန်ကျသည်ဟု ဆိုင်ကယ်စီးနင်းရောင်းချသူ(ဆိုင်ကယ်ကယ်ရီ) တစ်ဦးပြောသည်။
မြစ်ကြီးနားဘက်သို့ နယ်ခြားစောင့်တပ်ထိန်းချုပ်ရာ ကန်ပိုင်တီနှင့် KIO ထိန်းချုပ်ရာလိုင်ဇာ နယ်စပ် ၂ ခုမှ ဆိုင်ကယ်များ အဓိက တင်သွင်းသည်။
ကန်ပိုင်တီနယ်စပ်တွင် ဆိုင်ကယ်ဈေးသက်သာသော်လည်း တရုတ်ကုမ္ပဏီများက မောင်းနင်နိုင်ရန်စက်ဆင် မ ပေးသည့်အတွက် ၀ယ်ယူသူများသည်ကုန်တင်ကားဖြင့်သာ ဆိုင်ကယ် သယ်ယူနိုင်သည်။ လိုင်ဇာတွင်မူ ဆိုင်ကယ်ဈေးပိုများသော်လည်း စက်ဆင်ပေးသဖြင့် ဆိုင်ကယ်ကယ်ရီသမားများက ခရီးစရိတ် ကားခကျပ် ၁၅၀၀-၃၀၀၀ ကုန်ကျကာ ၀ယ်ယူ စီးနင်းကြသည်ဟု ဆိုသည်။
Source:kachinnews
No comments:
Post a Comment