မူလစာမျက်နှာ

Monday, 2 May 2011

ဘင်လာဒင် သေပြီ


အကြမ်းဖက်သမားတို့ရဲ့ ထိပ်သီးဆရာကြီးဖြစ်တဲ့ အိုစမာ ဘင်လာဒင်ဟာ သေပြီလို့ အမေရိကန် သမ္မတ အိုဘားမားက မနေ့ညက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဘင်လာဒင်ကို ရေကုန်ရေခမ်း ခြေရာခံ လိုက်နေရာကနေ ၁၀ နှစ်အကြာမှာ အသေဖမ်းမိတာ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမာဘတ်အနီးမှာ အမေရိကန် တပ်တွေက ဘင်လာဒင်ကို အသေဖမ်းမိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မစ္စတာ အိုဘားမားက ဘင်လာဒင် သေဆုံးတာနဲ့ ပတ်သက်လို့ “အယ်လ်ကေးဒါးတွေကို နှိမ်နင်းဖို့ ကျနော်တို့နိုင်ငံက ကြိုးပမ်းတဲ့နေရာမှာ ထူးကဲတဲ့ အောင်မြင်မှု တခုပါပဲ” လို့ ပြောပါတယ်။
ဘင်လာဒင်ကို အသေဖမ်းမိကြောင်း သမ္မတအိုဘားမားက ကြေညာပြီးနောက် သမ္မတ အိမ်ဖြူအနီးမှာ စုဝေး အောင်ပွဲခံနေတဲ့ အမေရိကန်များ (ဓာတ်ပုံ - Getty Images)

ဘင်လာဒင်ကို အသေဖမ်းမိပြီးနောက် လက်စားချေ တိုက်ခိုက်တာတွေ ဖြစ်လာနိုင်တဲ့အတွက်လည်း ကမ္ဘာတဝှမ်းက အမေရိကန် နိုင်ငံသားတွေနဲ့ အဖွဲ့အစည်းတွေကို တပ်လှန့်ထားပါတယ်။

အိုစမာဘင်လာဒင် ကို ၁၉၅၇ ခုနှစ်မှာ ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့တွင် မွေးဖွားခဲ့ပြီး ဖခင်မှာ မိုဟာမက်ဘင်လာဒင် ဆိုသူ ဆော်ဒီအာရေဗျ ဆောက်လုပ်ရေး လုပ်ငန်း ကုမ္ပဏီသူဌေးကြီး ဖြစ်ပါတယ်။ မိခင်မှာ ဆီးရီးယားနိုင်ငံသူ ဖြစ်ပါတယ်။

၂၀၀၁ စက်တင်ဘာမှာ အယ်လ်ကေးဒါးတွေက လေယာဉ်တွေကို ပြန်ပေးဆွဲပြီး ဝေါထရိတ်စင်တာနဲ့ ပင်တဂွန်ပေါ် အသေခံ တိုက်ချခဲ့လို့ လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုအပြီး အယ်လ်ကေးဒါးတို့ရဲ့ ဆရာကြီးဖြစ်တဲ့ ဘင်လာဒင်ကို အမေရိကန်က အသေရရ အရှင်ရရ လိုချင်နေခဲ့ပါတယ်။

 Source:irrawaddyblog

No comments:

နေ့မှာ