ထိုင်းနိုင်ငံဟာ သူ့နယ်မြေထဲကို ကျူးကျော်ဝင်ရောက်ပြီးလူတွေသေစေခဲ့တယ်လို့ စွပ်စွဲပြောဆိုလိုက်ပြီး ထိုင်းစစ်သား တွေ ဆုတ်ပေးဖို့ ယာယီစီမံချက်တခု ရေးဆွဲဖို့ တောင်းဆိုလိုက်ပြီး ဖရားဝိဟာဘုရားကျောင်းနဲ့ပတ်သက်တဲ့အမှုကို အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဥပဒေအရတိုက်ပွဲဆင်မှုတွေကို ကမ္ဗောဒီးယားက စတင်လိုက်ပါပြီ။ “ ထိုင်းနိုင်ငံဟာ ဒီဒေသထဲမှာ ကမ္ဗောဒီးယားနိုင်ငံရဲ့အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို စိန်ခေါ်ရုံသက်သက်မဟုတ်ဘဲ၊ လက်နက်ကိုင် ကျူးကျော် သိမ်းပိုက်ထားပြီး သူတို့လိုသလို ကောက်ချချပြောဆိုနေကြပါတယ်” လို့ ကမ္ဗောဒီးယား နိုင်ငံခြားရေး ၀န် ကြီး ဟော်နမ်ဟုန်က တရားရုံးကို ပြောဆိုပါတယ်။
၂ဖက်စလုံးက ပူးတွဲအုပ်ချုပ်ကြဖို့ အဓိပ္ပာယ်မဖွင့်ဆိုထားတော့ ဒီဟာကနေ ၂ နိုင်ငံကြား လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်စေတာ ဖြစ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ ဖရားဝိဟာ ဘုရားကျောင်းပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ ၁၉၆၂ခုနှစ် တရားစီရင်ချက်ကို ရှင်းရှင်းလင်းလင်းဖြစ်အောင်လုပ်ပေးဖို့ သူ့နိုင်ငံအနေနဲ့တောင်းဆိုပါတယ်။ လို့ ဟော်နန်ဟုန်က သက်သေခံထွက်ဆိုခဲ့ပါတယ်။ ၁၉၆၂ခုနှစ် တရားစီရင်ချက် အဓိပ္ပာယ်ဖွင့်ဆိုမှုဟာ မှားလည်းမှားပြီး လက်မခံနိုင်တဲ့ အပေါ်မှာ ထိုင်းနိုင်ငံက စစ်ရေးအရဆောင်ရွက်မှုတွေကို အခြေပြုလုပ်ဆောင်နေတာ ဖြစ်ပါတယ်။ လို့ သူကပြော ပါတယ်။ ထိုင်းနိုင်ငံဟာ ကမ္ဗောဒီးယားနယ်မြေထဲကို ကျူးကျော်ဝင်ရောက်တဲ့အပေါ် ဥပဒေအရဖုံးကွယ်ဖို့အတွက် သူ တို့နိုင်ငံရဲ့စိုးမိုးအုပ်ချုပ်မှု ဆိုတဲ့စကားကို အသုံးပြုနေပါတယ်။
ဖေဖေါ်ဝါရီလက ရှေးဟောင်း ဟိန္ဒူဘုရားရှိခိုးကျောင်းပတ်လည်မှာ စစ်ရေးတိုက်ပွဲတွေ ဖြစ်ခဲ့လို့ ၂ဖက်စလုံးမှာ အရပ် သားတွေအပါအ၀င် ၈ဦး သေဆုံးခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာတရားရုံးက မနေ့ကနဲ့ဒီကနေ့မှာ ထိုင်းနိုင်ငံရဲ့ စစ်ရေး ဆောင်ရွက်မှုတွေနဲ့ကမ္ဗောဒီးယားအချုပ်အခြာအာဏာပိုင်ဆိုင်မှုအတွင်းဝင်ရောက်စွက်ဖက်မှုအဖြစ်ယူဆနိုင်တဲ့လုပ်ရပ်တွေကို တားမြစ်ပေးဖို့ ယာယီစီမံချက်တွေရေးဆွဲပေးဖို့အတွက် ကမ္ဗောဒီးယားနိုင်ငံရဲ့တောင်းဆိုမှုအပေါ် ကြားနာစစ် ဆေးမှုတွေကို လုပ်နေပါတယ်။ တောင်းဆိုချက်တွေနဲ့ကြားနာစစ်ဆေးချက်တွေက ၁၉၆၂ခုနှစ်စီရင်ထုံး အဓိပ္ပာယ်ဖွင့် ဆိုချက်တွေအတွက် ကမ္ဗောဒီးယားနိုင်ငံက လျှောက်လွှာတင်သွင်းတဲ့ ရလဒ် ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ နယ်စပ်အငြင်းပွားမှုဟာ သူ့ရဲ့တရားစီရင်ပိုင်ခွင့်အောက်မှာ မရှိတဲ့အတွက် ဒီအမှု အပေါ်စီရင်ပိုင်ခွင့်မရှိပါဘူး။ လို့ ဟေ့ဂ်ဆိုင်ရာသံအမတ်ကြီး ၀ီလချိုင်းပလာဆိုင်း ဦးဆောင်တဲ့ ထိုင်းခုခံလျှောက်လဲရေး အဖွဲ့က အခြေအတင်ဆွေးနွေးခဲ့ကြတယ်။ လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့အတွင်းရေးမှူး၊ ချာဗာနွန့်အင်တာရတ်ခို မာလ်ယာက ပြောပါတယ်။ ထိုင်းနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံးရဲ့ ၁၉၆၂ခုနှစ် စီရင်ထုံးကို စုစည်းထားပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး လုပ်စရာ ဘာမှ မရှိပါဘူး။ လို့ သူက ပြောပါတယ်။ “အခြေခံအရတော့ ကမ္ဗောဒီးယားရဲ့ နှုတ် ထွက်သက်သေခံချက်တွေက ဘာမှ အသစ်မဟုတ်ပါဘူး။ ကျနော်တို့ရဲ့ချေပချက်တွေကို တရားရုံးက သေချာ သဘောပေါက်နားလည်ပါတယ်” လို့ ဟေ့ဂ်ကနေ ဖုန်းအင်တာဗျူးရာမှာ ချာဗာနွန့်က ပြောဆိုခဲ့တာပါ။ ဒီကြားနာချက် တွေ စစ်ဆေးပြီး ၃ပတ်အတွင်းမှာ ယာယီစီမံချက်နဲ့ပတ်သက်တဲ့ သဘောတူညီမှုတွေကို တရားရုံးကနေ ထုတ်ပြန်ပေး ဖို့ မျှော်လင်ပါတယ်လို့ သူက ပြောပါတယ်။
Source:naytthit
No comments:
Post a Comment