Wednesday, 04 May 2011 10:37
မလေးရှားနိုင်ငံရှိ တက္ကသိုလ်များထဲမှ ကျောင်း ၅၉ ကျောင်းကို သတ်မှတ် အရည်အသွေး မပြည့်စုံသဖြင့် မလေးရှားနိုင်ငံရှိ Malaysian Qualification Agencyနှင့် Ministry Of Educationတို့က စိစစ် ရွေးချယ်၍ ပိတ်သိမ်းခဲ့ကြောင်း သိရှိရသည်။

မလေးရှား ပညာရေး ၀န်ကြီးဌာန တံဆိတ်
မလေးရှားနိုင်ငံတွင်ရှိသော ပုဂ္ဂလိက တက္ကသိုလ်များထဲမှ နိုင်ငံတကာ ကျောင်းသားများရရှိမည့် အခွင့်အရေးနဲ့ ၀န်ဆောင်မှုများကို အပြည့်အ၀ ခံစားခွင့်မပေး၍ နိုင်ငံတကာ ကောလိပ်နှင့် တက္ကသိုလ် စံချိန်၊စံညွှန်း အရည်အသွေးများ ကျဆင်းခဲ့ခြင်း၊ အရည်အချင်း ပြည့်ဝသော ဆရာ၊ ဆရာမများ လုံ လောက်မှု မရှိဘဲ စီမံခန့်ခွဲမှုဆိုင်ရာ အုပ်ချုပ်မှုပိုင်းများ အားနည်းသောကြောင့် ဖျက်သိမ်း ခံရခြင်း ဖြစ်သည်။ Deputy Higher Education Minister က တက္ကသိုလ် အင်္ဂါရပ်နှင့် ပြည့်စုံသည့် ကျောင်းပေါင်း ၄၅၈ ကျောင်း ရှိခဲ့သည်ဟုဆိုပြီး ၂၀၁၁ခုနှစ် ဇန်န၀ါရီလက တက္ကသိုလ် စံညွှန်း၊စံချိန်မှီသော ကျောင်း ၂၄ ကျောင်း၊ Private University College စံချိန်မီကျောင်း၂၀ကျောင်းနှင့်Oversea University Branch Campuses တွင် ကျောင်း ၅ ကျောင်းဖြစ်သည်ဟု တရားဝင် ထုတ်ပြန် ကြေငြာထားသည်။
လက်ရှိ အနေထားနဲ့ ကြည့်မယ်ဆိုရင် ဘွဲ့ရပြီး ၆ လအကြာနှင့် ဘွဲ့ရပြီး၂နှစ်အကြာတို့ အပေါ်တွင် လေ့လာ ဆန်းစစ်ချက်အရ မလေးရှားတွင် ဘွဲ့ရ ပညာတတ် အလုပ်လက်မဲ့နှုန်းမှာ ၃ ဒသမ၂ ရာခိုင် နှုန်း ရှိသည်ဟု သိရှိရသည်။ ထိုပိတ်ခံရသော ကျောင်းများထဲတွင် မြန်မာနိုင်ငံမှ သွားရောက် တက်နေသော မြန်မာကျောင်းသား အများစုတက်နေသည့် ကျောင်းများ မပါဝင်ပါ။
Source:
maukkha
No comments:
Post a Comment