ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့များ လာရောက်အကူအညီပေးနေစဉ်(ဓာတ်ပုံ -Phuket Gazette)
“ဖူးကက်မှာ အကြီးဆုံး ထိုင်တော်မူဘုရားကိုသွားဖူးရင်း အပြန်မှာ ယာဉ်တိုက်မှုဖြစ်တယ်လို့ သိရတယ်၊ ဘုရားက တောင်ထိပ် အမြင့်ကြီးမှာ တည်ထားတာဆိုတော့ လမ်းကလည်း မတ်စောက်တဲ့ နေရာတွေလည်းရှိတယ်။ အဲဒါ ဘုရားဖူးအပြန်မှာ ယာဉ် တိုက်မှုဖြစ်ပြီး ပွဲချင်းပြီး ၅ ယောက်သေတယ်။ ၁၅ ယောက်ကတော့ ဆေးရုံမှာတင်ထားရတယ်”ဟု ဦးထူးချစ်က ပြောပြသည်။
ပွဲချင်းပြီး သေဆုံးသူများတွင် အမျိုးသမီး၂ ဦး၊ အမျိုးသား တဦးနှင့် အသက် ၃ နှစ်အရွယ် မိန်းကလေး တဦးပါဝင်ကြောင်း၊ ၃ ဦး ခန့်မှာလည်း စိုးရိမ်ရသော အခြေအနေတွင် ရှိသေးကြောင်း Thanson Project ဆောက်လုပ်ရေး လုပ်ငန်းမှ ကိုမင်းမင်းက လည်း ပြောသည်။
“ကားမှာပါတာက မွန်ရော ဗမာရော အစုံပါတယ်ဗျ။ အလုပ် က လူလည်းများတယ်ဆိုတော့ သိတာက ဒေါ်ကြက်ဥ ရဲ့သမီး လေး အသက် ၃နှစ်အရွယ် ကလေးမလေး တယောက် သေသွားတယ်ဆိုတာကို ကျနော်တို့ ပြောနိုင်တယ်။ နောက် မြသဇင် ဆို တဲ့ ကောင်မလေးတယောက် လည်ပင်းမှာ အပြင်းအထန် ဒဏ်ရာ ရထားတယ်”ဟု ၎င်းက ဆိုသည်။
ဒဏ်ရာရ လူနာများကို ဖူးကက်မြို့ Vachira Phuket Hospital ဆေးရုံသို့ ပို့ဆောင်ကာ ကုသလျက် ရှိကြောင်း သိရသည်။
ဧပြီလ ၄ ရက်နေ့ကလည်း ဘန်ကောက်မြို့အနီး မဟာချိုင်တွင် ယဉ်တိုက်မှုကြောင့် မြန်မာ အလုပ်သမား ၇ ဦးနှင့် ထိုင်းလူမျိုး၂ ဦး ပွဲချင်းပြီးသေဆုံးကာ လူ ၅၀ ကျော်ထိခိုက် ဒဏ်ရာ ရမှုဖြစ်ပွားခဲ့သေးသည်။
ထို မဟာချိုင်ယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး နစ်နာကြေးရရှိရေးနှင့်လိုအပ်သည်များကို မြန်မာသံရုံးက အကူအညီပေးခဲ့ကြောင်း ဧပြီလ ၅ ရက်နေ့ ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
ထိုင်းနိုင်ငံအတွင်း မြန်မာ ရွှေ့ ပြောင်းအလုပ်သမား ၂ သန်းခွဲမှ ၄ သန်းအတွင်း နေထိုင်လုပ်ကိုင်လျက် ရှိကြောင်း အလုပ် သမား အဖွဲ့များက ခန့်မှန်း ပြောဆိုကြသည်။
Source:irrawaddy
No comments:
Post a Comment