မူလစာမျက်နှာ

Wednesday, 27 April 2011

ပလတ်စတစ်စက်ရုံများ ပိတ်ရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကြွပ်ကြွပ်အိတ်မျိုးစုံနှင့် ပလတ်စတစ်ကြိုး ထုတ်လုပ်သည့် ပလတ်စတစ်စက်ရုံ လုပ်ငန်းများ ပိတ်သိမ်းရမည်ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။ သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာရေး ရုံးများက ဧပြီလ ၂၁ ရက်နေ့ကတည်းက ထိုသို့ ပိတ်သိမ်းရန် အကြောင်းကြားထားခြင်းဖြစ်ပြီး လိုက်နာခြင်းမပြုပါက အရေးယူမည်ဟု ဆိုသည်။ စတိုးဆိုင်၊ ကုန်စုံဆိုင်များသည်လည်း ကြွပ်ကြွပ်အိတ်၊ ပလတ်စတစ်ကြိုးများ သိုလှောင်၊ ရောင်းချခွင့် မပြုဟုကြောင်း၊ မလိုက်နာလျှင် လုပ်ငန်းလိုင်စင် သိမ်းမည်ဖြစ်ကြောင်း သိရသည်။
Source:irrawaddy

No comments:

နေ့မှာ