မူလစာမျက်နှာ

Tuesday, 26 April 2011

ထိုင်းနှင့်မြန်မာ သတင်းပြန်ကြားရေး ပူးပေါင်းမြှင့်တင်မည်

ထိုင်း နိုင်ငံ ပြည်သူ့ဆက်ဆံရေး ဌာန(PRD) နှင့် မြန်မာနိုင်ငံ ပြန်ကြားရေး ၀န်ကြီးဌာန မြန်မာ့ အသံနှင့် ရုပ်မြင်သံကြား (MRTV) တို့ သတင်းပြန်ကြားရေးနှင့် ရုပ်သံ ထုတ်လွှင့်ခြင်းများ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ ကို ယမန်နေ့က နေပြည်တော်၌ လက်မှတ် ရေးထိုးကြသည်။ ပြန်ကြားရေး ဒု ၀န်ကြီး ဦးစိုးဝင်းအား ထိုင်း ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေး မှူးချုပ် Mr. Grisanaporn Soempanich ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက်တွေ့ဆုံ၍ နှစ်နိုင်ငံ သတင်း ပြန်ကြားရေးနယ်ပယ် ပိုမို မြှင့်တင်ဆောင်ရွက်သွားနိုင်ရေး အတွက် ဆွေးနွေးကြကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။
Source:irrawaddy

No comments:

နေ့မှာ