မူလစာမျက်နှာ

Wednesday, 9 March 2011

ဂီရိဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ရခိုင်ပြည်နယ် ကျေးရွာများအနက် မြေပုံမြို့နယ်မှ စိတ္တရ၊ ၀ပေါ်ကြီး၊ သရက်တောင်၊ ကောင်းဘွေ၊ ကမ်းထောင်းကြီး၊ သင်ပေါင်းရှောင် စသည့်ရွာများ၌ ရေပြတ်လပ်မှု၊ အစာရှားပါးမှုတို့ကြောင့် ကျွဲ၊ နွား တိရစ္ဆာန် ရာချီ သေဆုံးနေရာ မျိုးသုဉ်းမည့် အန္တရာယ်ကို စိုးရိမ် နေကြကြောင်း ဒေသခံများက ပြောသည်။ ထို့အပြင် ထိုဒေသရှိ တာတမံ ကျိုးပျက်သွားသော လယ်မြေဧက သောင်းဂဏန်းကိုလည်း ငွေကြေး တတ်နိုင်သူတို့က သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းကာ ဈေးနှိမ် ၀ယ်ယူ၍ ပုစွန်ကန်များအဖြစ် တည်ဆောက် နေကြောင်း သိရသည်။
Source:irrawaddy

No comments:

နေ့မှာ