ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည် ဖြစ်သဖြင့် ရူပဗေဒ ပညာရပ်အရ ဆွဲအားပြင်းမှုဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်။
ကမ္ဘာမြေနှင့် အနီးဆုံးအဖြစ် ၃၅၆၅၇၇ ကီလိုမီတာ (မိုင်ပေါင်း ၂၂၁၅၆၇) သို့ လ’ရောက်မည်ဖြစ်သဖြင့် ရူပဗေဒ ပညာရပ်အရ ဆွဲအားပြင်းမှုဖြစ်ပေါ်ပြီး ရေကြီးခြင်းနှင့် ငလျင်လှုပ်ခြင်းမျး ဖြစ်ပေါ်နိုင် (Photo :: http://adventofdeception.com)
ကမ္ဘာနှင့် လ အကွာအဝေးသည် ပုံမှန်အားဖြင့် ၃၈၄၄ဝ၅ ကီလိုမီတာ (၂၃၈၈၅၈ မိုင်) ရှိရာမှ ၂၇၈၂၈ ကီလီုမီတာ (၁၇၂၉၂ မိုင်) အထိ ပိုမိုနီးကပ်လာမည်။ ယခုနီးကပ်မှုမှာ ၂-၃ နှစ်လျှင် တကြိမ် ဖြစ်လေ့ရှိသော်လည်း Supermoon ဖြစ်စဉ်ဟု ခေါ်ဆိုနိုင်သည့် အဆင့်မရှိခဲ့ပေ။
“အနီးဆုံးဆိုတာ ကျနော်တို့ သိသလောက်ကတော့ ဒါ အခုမှ ဖြစ်တာလည်း မဟုတ်ဘူးလေ။ လဆိုတာ ဘဲဥပုံ ပုံစံနဲ့ သွားနေတာပေါ့။ အဲဒီတော့ ကမ္ဘာနဲ့ အနီးဆုံး တခါရှိမယ်၊ အဝေးဆုံး တခါရှိမယ်။ အခုတခါတော့ အနီးဆုံး တခါဖြစ်တယ်ပေါ့” ဟု မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုသည်။
မြန်မာနိုင်ငံ၌ ရာသီဥတု အပြောင်းအလဲများ ဖြစ်နေသော်လည်း Supermoon ဖြစ်စဉ်ကြောင့်ဟု အတိအကျ မပြောနိုင်သေးကြောင်း နေပြည်တော် မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ အကြီးတန်းအရာရှိတဦးက မဇ္ဈိမကို ပြောသည်။
“လနဲ့ ကမ္ဘာနီးတာတော့ ကျနော်တို့လည်း ကြားပါတယ်၊ သတင်းဌာနတွေမှာလေ။ အဲဒီဟာ Effect ဟုတ်မဟုတ်တော့ မဆုံးဖြတ်တတ်ပါဘူး။ ” ဟု အကြီးတန်းအရာရှိက ပြောဆိုသည်။
Supermoon ဖြစ်စဉ်မျိုးမှာ ၂ဝဝ၅ ခုနှစ် ဇန်နဝါရီလ အစောပိုင်းကလည်း ဖြစ်ပေါ်ခဲ့ပြီး ထိုဖြစ်စဉ်မပေါ်မီ နှစ်ပတ်အလို ၂ဝဝ၄ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့၌ အင်ဒိုနီးရှား၌ ငလျင်ဖြစ်ပေါ်ခဲ့ပြီး ဆူနာမီလှိုင်းများ ပေါ်ထွက်ခဲ့သည်။
နောက်ဆုံးရရှိသည့် သတင်းများအရ မြန်မာနိုင်ငံတွင် မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း သိရသည်။
“မိုးက ရွာတုန်းပဲ။ တခါမှ မအေးဘူးတဲ့ အအေးမျိုးနဲ့ အေးနေတာ။ လူတိုင်း ခိုက်ခိုက်တုန် နေကြတယ်။ အိမ်တံခါးပေါက်ဆို မဖွင့်ရဲလောက်ကို ဖြစ်နေတာ၊ အေးတာများ။ အပြင်ထွက်ရမှာတောင် ကြောက်တယ်။ ” ဟု ရန်ကုန်မြို့သူတဦးက မဇ္ဈိမကို ပြောသည်။
မြန်မာနိုင်ငံတဝှန်း၌ မတ်လကုန်အထိ တနာရီလျှင် လေတိုက်နှုန်း ၃၅ မိုင် ပြင်းအားအထိ ရှိနိုင်သည့် လေပြင်းမုန်တိုင်းများ တိုက်ခတ်ကာ ထစ်ချုန်းမိုးများ ရွာသွန်းဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက မြန်မာ့အလင်း သတင်းစာတွင် အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
Source:mizzimaburmese
No comments:
Post a Comment