ကျနော်တို့ ခရမ်းမြို့နယ် မယက ဥက္ကဋ္ဌ ဦးတင်မြင့်သည် နွေရာသီအတွင်း ကျွဲနွားများ အစာစားနိုင်ရန် ကိုလိုနီ လက်ထက် ကတည်းက အင်္ဂလန်ဘုရင်မကြီး လှူဒါန်းခဲ့သော ခရမ်းမြို့နယ်အတွင်းရှိ စားကျက်မြေများထဲမှ ကရင်ကံ ကျေးရွာရှိ စားကျက်မြေဧက ၉၀ အား တဧက ကျပ် ၄ သောင်းခွဲ နှုံးဖြင့် ကရင်ကံကျေးရွာဥက္ကဋ္ဌ
ကိုကျော်လွင်၊ ကျေးရွာသား မောင်ချိတ် တို့မှတဆင့် အရစ်ကျ စနစ်ဖြင့် ရောင်းစားနေပါသည်။
ကိုကျော်လွင်၊ ကျေးရွာသား မောင်ချိတ် တို့မှတဆင့် အရစ်ကျ စနစ်ဖြင့် ရောင်းစားနေပါသည်။
ထို့အပြင် ပုစဉ်းနီကန် ကျေးရွာရှိ စားကျက်မြေများ အားလည်း ခရမ်းမြို့အတွင်းမှ ငါးလုပ်ငန်းရှင် တယောက်အား ကျပ် ၂၅ သိန်းဖြင့် ရောင်းစားခဲ့ပါသည်။ ယခုတဖန် မြို့နယ်အတွင်း ရယက ဥက္ကဋ္ဌများ အပြောင်းအရွှေ့ ရှိသည်ဟုဆိုကာ ဥက္ကဋ္ဌ နေရာအတွက် ကျပ် ၁၅ သိန်း၊ အဖွဲ့ဝင် နေရာအတွက် ကျပ် ၇ သိန်းပေးရမည်၊ မပေးနိုလျှင် ပေးနိုင်သည့်သူအား အသစ်ခန့်မည်ဟု ဆိုကာ သူ၏ ဒု ဦးစီးမှူး ကျော်ဇင်ဦး၊ ရုံးစာရေးကြီး ဇော်ဝင်း တို့မှတဆင့် လက်သိပ်ထိုး ဆောင်ရွက်နေပါသည်။ အဆိုပါကိစ္စအား သပြုကန်ကျေးရွာ ရယက ဥက္ကဋ္ဌ မှ ကျပ် ၇ သိန်းဖြင့် သူ၏ ရယက စာရေးလေးမှတဆင့် ညှိနှိုင်းပြီး မယက ဥက္ကဋ္ဌ ထံ သွားပေး ပါသော်လည်း မယက ရုံးစာရေးကြီး ဇော်ဝင်းက မင်း နောက်ကျသွားပြီ၊ တခြားသူတဦးအား ကျပ် ၇ သိန်းဖြင့် လက်ခံထားပြီးပြီ
ဟုဆိုကာ ငြင်းပယ်လိုက်ပါသည်။
ဟုဆိုကာ ငြင်းပယ်လိုက်ပါသည်။
ခရမ်းမြို့နယ် အတွင်းတွင် ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၅ အုပ်စု ရှိပါသည်။ အထက်ပါ ငွေများအား ရယက ဟောင်းများနှင့် အသစ်လုပ်လိုသူများ မည်သို့ ပြန်လည် ရှာဖွေမည်ဆိုသည်ကို ပြည်သူများ ခန့်မှန်း ကြည့်လျှင် သိနိုင်ပါလိမ့်မည်။ အထက်ပါ ကိစ္စများအား နေပြည်တော်ရှိ ဗိုလ်ချုပ်ကြီးများ သိရှိနိုင်ရန် ဧရာဝတီ မှတဆင့် တင်ပြ အသိပေးအပ်ပါသည်။
ကိုကိုကြီးရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်
Source:irrawaddyblog
No comments:
Post a Comment