မူလစာမျက်နှာ

Wednesday, 2 March 2011

ဖမ်းမိတဲ့ မြန်မာအမျိုးသမီးကို လိင်ကိစ္စနဲ့ အပေးအယူလုပ်ခိုင်းလို့ ထိုင်းရဲ ထောင် ၆ နှစ်ကျ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ရဲအရာရှိတယောက်ကတော့ မြန်မာအမျိုးသမီးတယောက်ကို မတော်တရော် အပေးအယူ လုပ်မှုနဲ့ ထောင် ၆ နှစ် ကျသွားပါတယ်။ အပေးအယူက တခြားတော့ မဟုတ်ပါဘူး၊ ဖမ်းမိထားပေမယ့် အရေးမယူဘဲ လွှတ်ပေးလိုက်မယ်၊ အပြန်အလှန်အနေနဲ့ သူနဲ့ အိပ်ခိုင်းလို့ပါပဲ။

၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၅ ရက်နေ့မှာ နစ် လို့ အမည်ဖော်ပြထားတဲ့ အသက် ၂၇ နှစ်အရွယ် တရားမဝင် ဝင်ရောက်လာသူ မြန်မာပြည်က အမျိုးသမီးကို ဖလပ်ဖလာ ချိုင်း အမှတ် (၁) ရဲစခန်းက အကြီးတန်း ရဲ ဆာဂျင် မေဂျာ (မြန်မာလို ဘယ်လို ရာထူးတပ်ရမယ် မသိ) ဖိုင်ရတ် (ခေါ်) ဆူရာဖတ် ဆရီဘွာဘန်က သူနဲ့ အိပ်ခိုင်းခဲ့ကြောင်း ဘန်ကောက် တောင်ပိုင်း ရာဇဝတ်တရားရုံးက ယမန်နေ့က ဖော်ထုတ်လိုက်ပါတယ်။

အဲဒီ ရဲဆာဂျင်ဟာ ကလုန် မဟာနက် ဧရိယာနားမှာ အဆိုပါ အမျိုးသမီးကို ဖမ်းဆီးခဲ့တာပါ။ ဖမ်းမိခဲ့ပေးမယ့် လုပ်ထုံးလုပ်နည်းအတိုင်း သက်ဆိုင်ရာ ရဲစခန်းကို လွှဲမပေးဘဲ သူနဲ့ အိပ်ပေးရင် အရေးမယူဘဲ လွှတ်ပေးမယ်လို့ ပြောခဲ့ပါတယ်။ အမျိုးသမီးကလည်း သဘောတူလိုက်ရပြီး ပြန်လွတ်သွားပါတယ်။

တာဝန်ဝတ္တရား ပျက်ကွက်ပြီး လာဘ်ထိုးဖို့ တောင်းဆိုမှုနဲ့ ရာဇဝတ်ပုဒ်မနဲ့ တရားရုံးက အမိန့်ချပါတယ်။

ဆွဲချအစိုးရရှေ့နေက အဲဒီ ရဲဆာဂျင်ကို မုဒိမ်းမှုနဲ့ပါ စွဲချက်တင်ပေမယ့် တရားရုံးက ဓားစာခံ ဖြစ်ရသူ အမျိုးသမီးဟာ အပေးအယူကို သဘောတူပြီး အိပ်ခဲ့တာဖြစ်တဲ့အတွက် မုဒိမ်းမှု မမြောက်ဘူးလို့ ဆုံးဖြတ်လိုက်ပါသတဲ့။

Source:irrawaddyblog

No comments:

နေ့မှာ