မူလစာမျက်နှာ

Tuesday, 15 March 2011

ပတမဆုံးအကြိမ် ကရင်နီပြည်တွင် အခမဲ့ မျက်လုံးရောဂါ ဆေးရုံဆောက်


  အင်္ဂါနေ့, 15 မတ်လ 2011 18:08

ကရင်နီပြည်နယ် လွိုင်ကော်မြို့တွင် ပထမဆုံးအကြိမ် ကက်သလစ်သာသနာ ဘုန်းတော်ကြီးများနှင့် ဗုဒ္ဓဘာသာ သီတဂူ ဆရာတော်တို့ ပူးပေါင်းပြီး ကရင်နီပြည်နယ်တခုလုံးမှပြည်သူများ အခမဲ့ မျက်လုံးရောဂါ ကုသနိုင်သည့် ဆေးရုံ တစ်ရုံကို တည်ဆောက်နေပါသည်။ “လူမျိုးမရွေး ဘာသာမရွေး အားလုံး လာပြီးတော့မှ အခမဲ့ ဆေးကုသနိုင်တယ်” ဟု ကက်သလစ်သာသနာ ဘုန်းတော်ကြီး တစ်ပါးက ပြောပါသည်။
လွိုင်ကော်မြို့တွင် တည်ရှိထားသော ဆေးရုံ (ဓါတ်ပုံ-KNYO)
လွိုင်ကော်မြို့တွင် တည်ရှိထားသော ဆေးရုံ (ဓါတ်ပုံ-KNYO)
မြန်မာပြည်တွင်း၊ ပြည်ပမှ အလှူငွေများဖြင့် သီတဂူ စက္ခုဒါန ဆေးရုံဟု အမည်ပေးထားပြီး လွိုင်ကော်မြို့ ချိကယ် ရပ်ကွက်တွင် ရှိသည့် ကန္ဒာရ၀တီ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းဝင်းတွင် တည်ဆောက်နေခြင်း ဖြစ်သည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် အချိန်တုန်းက ကက်သလစ်သာသနာတော်နှင့် သီတဂူ ဆရာတော်တို့ ပူးပေါင်းပြီး လူမှုရေး ကိစ္စများ၊ ကယ်ဆယ်ရေး ကိစ္စများ စသည်တို့ကို ကူညီခဲ့သည့် အပေါ်တွင် မြန်မာပြည်တွင်း၊ ပြည်ပမှ ထည့်ဝင်လှူဒါန်းလာသည့် အလှူငွေများဖြင့် ဆောက်လုပ်ရခြင်း ဖြစ်သည်ဟုလည်း ကက်သလစ် ဘုန်းတော်ကြီးက ပြောပါသည်။  
“အဲဒါနဲ့ ဆက်နွယ်ပြီးတော့မှ ဂရုဏာရေး၊ လူမှုရေးကို ဆက်လုပ်တယ်။ သီတဂူ ဆရာတော်နဲ့ ဆေးရုံ အများကြီး ဆောက်တယ်” ဟု ပြောသည်။

ထားဝယ်၊ မြိတ်၊ မြစ်ကြီးနား၊ ချင်းတောင် စသည့် နေရာဒေသ ၁၀ ခုတွင် တည်ဆောက်ခဲ့ပါသည်။

“လွိုင်ကော်မှာလည်း သူ(သီတဂူဆရာတော်) အလှူရှင်ရှားပြီးတော့မှလည်း ကျနော့်နဲ့ ပေါင်းပြီးတော့ ထပ်ပြီးတော့ သူဆောက်ပေးတယ်။ အဲဒါ ကယား(ကရင်နီ)ပြည်နယ် တခုလုံးအတွက်” ဟု ကက်သလစ် ဘုန်းတော်ကြီး တစ်ပါးက ပြောပါသည်။

ထိုဆေးရုံကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် ပန္နက်ရိုက်ပြီး စတင်ဆောက်လုပ်နေပြီ ဖြစ်ပါသည်။
Source:ktimes

No comments:

နေ့မှာ