မူလစာမျက်နှာ

Wednesday, 2 March 2011

ကျောက်တော်တွင် ယနေ့မီးလောင်

3/2/2011
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ယနေ့ နံနက်ပိုင်းက ကုန်သည်လယ်ယာ ခြံဝင်းထဲတွင် မီးလောင်မှု ဖြစ်ပွါးခဲ့ရာ ဂိုဒေါင် ၆လုံး မီးထဲပါသွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၈နာရီခွဲခန့်မှ မီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီး နံနက် ၁၀နာရီခွဲခန့်တွင် မီးငြိမ်းသွား ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

“ဂိုဒေါင် ၆လုံး၊ ရုံးခန်းတခန်းနဲ့ ထမင်းချက်ရုံတရုံ လုံးဝ ပြာကျသွားပါတယ်။ ဂိုဒေါင်ကြီးတွေ မီးလောင် တယ်ဆိုတော့ မီးအားက ပြင်းပါတယ်။ မီးသတ်ဌာနက မီးသတ်ကားလည်း ရောက်လာခြင်း မရှိတော့ ဒေသခံ ပြည်သူတွေက တတ်နိုင်တဲ့ နည်းတွေနဲ့ ဝိုင်းပြီးတော့ မီးငြိမ်းလိုက်ရပါတယ်။”

အဆိုပါ မီးမှာ ကုန်သည်လယ်ယာ ဦးစီးဌာနမှ တဆင့် ထောက်/ပို့ စစ်တပ်(ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး) မှ ငှါးရမ်းထားသော ဂိုဒေါင်မှ စတင်လောင်းကျွမ်းခြင်း ဖြစ်သည်ဟု သိရသည်။

“ဒီကုန်သည်လယ်ယာ ခြံထဲမှာက ငှါးရမ်းထားတဲ့ ဂိုဒေါင်တွေနဲ့ ရောင်းပစ်ဖို့ စီစဉ်နေတဲ့ ဂိုဒေါင် ဟောင်းကြီး အလုံး ၁၀ကျောက်လောက် ရှိပါတယ်။ ဘယ်လို မီးစလောင်တာဆိုတာကတော့ အတိကျ မသိသေးပါဘူး။ လူတွေ ပြောနေကြတာကတော့ ရှို့မီးလို့ ပြောကြပါတယ်။”

ယခုကဲ့သို့ အစိုးရ ဌာနတခု၏ ဂိုဒေါင်များ ရုတ်တရက် မီးလောင်ကျွမ်းသွားခြင်းအပေါ် ဒေသခံပြည်သူများ အကြား အမျိုးမျိုး ဝေဖန်ပြောဆိုနေကြကြောင်း သိရသည်။

Source:narinjara

No comments:

နေ့မှာ