2011-02-22
မြန်မာနိုင်ငံက အလုပ်သမားအရေးနဲ့ ကလေးစစ်သား ပပျောက်ရေး လုပ်ငန်းစဉ်တွေ ဆွေးနွေးဖို့ အတွက် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိမယ်လို့ ရန်ကုန် ILO ရုံးက ပြောပါတယ်။ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တခုမှာ အရွယ်နှင့်မမျှ အလုပ်လုပ်နေကြသော ကလေးသူငယ်များ ဖြစ်ပါသည်။ (Photo: AFP)
ဒီကိုယ်စားလှယ်အဖွဲ့မှာ ILO အဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် Guy Ryder ဦးဆောင်ပါဝင်ပြီး ဖေဖော်ဝါရီ ၂၅ ရက် သောကြာနေ့ ညနေမှာ မြန်မာနိုင်ငံက ထွက်ခွာမယ်လို့ သိရပါတယ်။
ILO အဖွဲ့ကြီးဟာ မြန်မာနိုင်ငံက ကလေးစစ်သား စုဆောင်းမှု၊ အတင်းအဓမ္မ ခိုင်းစေမှုနဲ့ မြေယာ အတင်းအကျပ် ရွှေ့ပြောင်းမှု၊ သိမ်းဆည်းမှုတွေကို စစ်အစိုးရ အာဏာပိုင်တွေနဲ့ သဘောတူညီချက် ရယူပြီး ဦးဆောင် ဖြေရှင်းနေတဲ့ နိုင်ငံတကာ အဖွဲ့ကြီးတရပ် ဖြစ်ပါတယ်။
Source:rfa
No comments:
Post a Comment