သမဝါယမ ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်မှနေ၍ ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်၏ အမည်ဖြင့် သမ္မတက ပြန်လည်လဲလှယ်ခဲ့ပြီး မူလက တင်သွင်းခံရသူ ဦးဝင်းမြင့်မှာ ရန်ကုန် ရွှေဂုံတိုင် အထူးကုဆေးခန်း၌ တနင်္ဂနွေနေ့တွင် ကွယ်လွန်သွားပြီ ဟုဆိုသည်။
“အဲဒီ ဦးဝင်းမြင့်က သမ္မတ အဆိုတင်တဲ့ ဝန်ကြီး ၃ဝ ထဲမှာ သူက အရင်
ယနေ့ထုတ် စစ်အစိုးရအာဘော် ကြေးမုံသတင်းစာတွင် အိမ်တွင်း စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းမြင့် (၆ဝ နှစ်) ၏ နာရေးကြော်ငြာ ပါရှိလာသည်။ ကွယ်လွန်သူ ညွှန်ချုပ် ဦးဝင်းမြင့်၏ ကိုယ်ရေးအကျဉ်း ဖော်ပြရာတွင်မူ အမတ်ဟူ၍ မပါရှိကြောင်း သိရသည်။
ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ဥက္ကဋ္ဌဟောင်း ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်မှာမူ စစ်ကိုင်းတိုင်း မဲဆန္ဒနယ်အမှတ် ၃ မှ အမျိုးသားလွှတ်တော်အမတ်ဖြစ်ပြီး၊ ပညာအရည်အချင်းကို တက္ကသိုလ်ဝင်တန်းဟု ကိုယ်ရေးတွင် ဖော်ပြထားပြီး စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ တင်းတိမ်ရံ ကျေးရွာဇာတိဟု ပါရှိသည်။
ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်တဦးကမူ ညနေပိုင်းတွင် ကိုယ်ရေးအကျဉ်း လဲလှယ်သည်မှာ မှန်သော်လည်း ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ကို နဂိုကတည်းက လျာထားသည်ဟု ငြင်းဆိုသည်။
“မဟုတ်ပါဘူး။ နဂိုထဲက ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်ကို လျာထားတာ။ ဒါက ခုမှ မဟုတ်ဘူး။ လွန်ခဲ့တဲ့ ၂-၃ လ ကတည်းက လုပ်ထားတဲ့ ကိစ္စတွေ။ ဒီလိုလဲလို့လည်း ရတဲ့အမျိုးမှ မဟုတ်တာ။ ဝဏ္ဏကျော်ထင်ဆိုတာ မပါဘူး ကြေညာတုန်းက။ နောက်နေ့ကျမှ ဝဏ္ဏကျော်ထင်ဆိုတာ ပါတယ်။ ဦးဝင်းမြင့်က ၃-၄ ယောက်လောက် ရှိနေတာ” ဟု သူက မဇ္ဈိမကို ပြောသည်။
ကြံ့ခိုင်ရေးပါတီမှ မဟုတ်သည့် အခြားလွှတ်တော်အမတ်တဦးကလည်း ကိုယ်ရေးအကျဉ်း လာလဲသည်မှာ မှန်ကန်ကြောင်း ပြောသော်လည်း ပထမ ဦးဝင်းမြင့်၏ ပညာအရည်အချင်းကို BE Civil ဟုသာ မှတ်ထားမိသည်ဟု ဆိုသည်။
“ဝဏ္ဏကျော်ထင် ဦးဝင်းမြင့်နဲ့ ဦးဝင်းမြင့် လာလဲတာ ဟုတ်ပါတယ်။ မှားသွားလို့တဲ့။ နောက်မှ လိုက်လာပြီးတော့ သူတို့ မှားသွားလို့ပါဆိုပြီး လာလဲတာပါ။ ပထမ ဦးဝင်းမြင့်က ပညာအရည်အချင်းမှာ BE Civil လား၊ အိမ်တွင်း စက်မှုလက်မှုလို့တော့ မပါဘူး။ နောက် ဦးဝင်းမြင့်က တက္ကသိုလ်ဝင်တန်း ဆိုပြီးတော့ပဲ” ဟု သူက ပြောသည်။
တနင်္ဂနွေနေ့၏တွင် ကွယ်လွန်ခဲ့သူ ညွန်ကြားရေးမှူးချုပ် ဦးဝင်းမြင့်သည် ညောင်တုန်းမြို့နေ (ဦးကြည်-ဒေါ်ခင်မမ) တို့၏ သား၊ (ဦးဖေမြင့်-ဒေါ်မြဟန်) တို့၏ သားသမက်၊ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဇေယျသိဒ္ဓိ ရပ်ကွက်၊ ချမ်းမြေ့စံသာလမ်းနေ ဒေါ်ခင်မေမြင့် (ခ) ဒေါ်မေဒေး၏ ခင်ပွန်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် သားတဦးနှင့် သမီးတဦး ကျန်ခဲ့သည်။
ကျန်ရစ်သည့် ရုပ်ကလာပ်ကို အင်္ဂါနေ့တွင် ရန်ကုန်တိုင်း အလုံမြို့နယ်နေအိမ်မှ ရေဝေးသုသာန်သို့ ပို့ဆောင်ကာ မီးသင်္ဂြိုဟ်မည်ဟု သတင်းစာက ဆိုသည်။
Source:mizzimaburmese
No comments:
Post a Comment