2011-02-07
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ညွန်ကြားချက်နဲ့ဆိုပြီး ရန်ကုန်တိုင်းအတွင်း သက်ဆိုင်ရာ မြို့နယ် ရပ်ကွက်တွေမှာ ရယက အဖွဲ့ဝင်တွေကနေ မြန်မာနိုင်ငံ ထေရဝါရ ဗုဒ္ဓသာသနာ နုဂ္ဂဟ အသင်းကြီး ဖွဲ့စည်းရေးအတွက် ဝန်ထမ်းတွေကို အသင်းဝင်ဖို့ အတင်း အဓမ္မ ဝင်ခိုင်းနေတယ်လို့ သိရပါတယ်။ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီမှ အဖွဲ့ဝင်များ ဒဂုံမြို့သစ်ရှိ နေအိမ်တခု၏ ခြံဝတွင် ဤအိမ်သည် ပြည်ခိုင်ဖြိုး ပါတီဝင်ပြီး ဖြစ်ကြောင်း ဆိုင်းဘုတ်ကို အိမ်ရှင်၏ ခွင့်ပြုချက်မယူပဲ သံရိုက်တပ်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: RFA)
အလားတူ လမ်းမတော်မြို့နယ်အတွင်းက ကျောင်းဆရာမတဦးကလည်း သူတို့ ကျောင်းဆရာ ဆရာမ တွေကို အခုလ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မြို့နယ် မယကရုံးကို အပြီးသတ် ပေးပို့ရမယ်ဆိုတာကြောင့် ဆရာ ဆရာမတွေ အားလုံး ဖြည့်ပေးလိုက်ရပုံနဲ့ ဗုဒ္ဓဘာသာ သာသနာ အတွက်လို့သာ အောက်မေ့ပြီး အသင်းဝင်လိုက်ရတဲ့အကြောင်း RFA ကို ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ဦးအောင်မိုးမြင့်က သတင်းပေးပို့ထားပါတယ်။
Source:rfa
No comments:
Post a Comment