မူလစာမျက်နှာ

Sunday, 6 February 2011

ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ကြံ့ခိုင်ရေးမှ ဗိုလ်မှူးကြီးဟောင်း တစ်ပေးခံနေရ

2/6/2011
ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို ကြံ့ခိုင်ရေး ပါတီမှ အမ်းမြို့နယ် အမတ် ဗိုလ်မှူးကြီးဟောင်း တစ်ဦးကို ခန့်အပ်သွားမည် ဖြစ်ကြောင်း စစ်တွေတွင် သတင်း ထွက်ပေါ်နေကြောင်း သတင်း ရရှိသည်။

အဆိုပါ ဗိုလ်မှူကြီးဟောင်းမှာ အမ်းမြို့နယ် အမှတ်(၁) နယ်မြေ ရခိုင်ပြည်နယ် လွှတ်တော် အမတ် (အငြိမ်းစား) ဗိုလ်မှူးကြီးဟောင်း ဦးလှမောင်တင် ဖြစ်ကြောင်း သိရသည်။

“ အခုက သူဖြစ်လာမယ်ဆိုပြီးတော့ တစ်ပေးခံထားရပါတယ်။ သူဖြစ်လာနိုင်ချေများနေပါတယ်။ ပထမနေ့ ရခိုင်ပြည်နယ် လွှတ်တော်မှာလည်း သူ့ကို သဘာပတိ တင်မြှောက်ခဲ့တယ်။ သမ္မတ ဦးသိန်းစိန်က သူ့ကိုဘဲ ခန့်အပ်လိမ့်မယ်ဆိုပြီး သတင်းဖြစ်နေပါတယ်။” ဟု ပြောသည်။

ဦးလှမောင်တင်မှာ ရခိုင်အမျိုးသား တစ်ဦးဖြစ်ပြီး အမ်းဇာတိ ဖြစ်ကြောင်းသူ က ပြောသည်။

“ ရခိုင်အမျိုးသား၊ အမ်းဇာတိလို့ သိရပါတယ်။ အနေအထိုင် အေးဆေးတည်ငြိမ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဖြစ်လာတဲ့ အခါ အာဏာပါဝါတွေ ရှိလာတဲ့ အတွက် ဘယ်လို ဖြစ်လာမလဲဆိုတာကတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အရင် ရခိုင်ပြည်နယ်ကို အုပ်ချုပ်ခွင့်ရတဲ့ သူတိုင်း တနည်း မဟုတ် တနည်း ရခိုင်လူထုကို ဖိနှိပ်ခဲ့တဲ့ အတွက် သူလည်း ရခိုင်ဖြစ်ပေမယ့် သူရဲ့ နောင်တော်ကြီးတဲ့ လမ်းစဉ် အတိုင်း လိုက်လုပ်လာနိုင်တဲ့ အနေအထား ရှိနေပါတယ်” ဟုပြောသည်။

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကို နောက်လာမည့် အပတ်တွင် သမ္မတက ခန့်အပ်မည် ဖြစ်ကြောင်း သိရသည်။

၎င်းအပြင် ရခိုင်ပြည်နယ်တွင် ၀န်ကြီးအဖွဲ့ကို အဖွဲ့ဝင် (၁၀) ဦးဖြင့် ဖွဲ့စည်းမည် ဖြစ်ပြီး ထိုအထဲတွင် ကြံ့ဖွံ့က ၄ နေရာ၊ စစ်တပ်က ၂ နေရာ၊ ရခိုင်တိုင်းရင်သားများ တိုးတက်ရေး ပါတီက ၃ နေရာ၊ မွတ်ဆလင်ပါတီ (အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ)က တစ်နေရာ ရာတား သတ်မှတ်ထားသည့် သတင်းလည်း စစ်တွေတွင် ထွက်ပေါ်နေသည်ဟု သိရသည်။

စစ်တွေတွင် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ကြံ့ခိုင်ရေးနှင့် ပူပေါင်းပြီး ၀န်ကြီးဌာနတစ်ချို့ကို လက်ခံမည့် အပေါ် မကျေနပ်မူများလည်း ထွက်ပေါ် နေကြောင်း သူက ပြောကြားသည်။

Source:narinjara

No comments:

နေ့မှာ