မူလစာမျက်နှာ

Thursday, 17 February 2011

ဦးတင်အေးကို ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တင်သွင်း

 ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အမတ်အဖြစ်မှ ဗုဒ္ဓဟူးနေ့တွင် နုတ်ထွက်ခဲ့သည့် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို သမ္မတက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ကြာသပတေးနေ့တွင် အမည်စာရင်း တင်သွင်းလိုက်သည်။

အမတ်အဖြစ်မှ နုတ်ထွက်ကြောင်း သတ္တမနေ့ ပြည်ထောင်စုလွှတ်တော်တွင် ကြေညာခဲ့အပြီး နောက်ရက်တွင် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်တင်သွင်းခံရခြင်း ဖြစ်သည်။

မြောက်ကိုရီးယားမှ လက်နက်ဝယ်ရာတွင် အဓိကပုဂ္ဂိုလ်တဦးဖြစ်ခဲ့သည့် နအဖ ကောင်စီဝင် ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးသည် ဦးပိုင်လိမိတက် ဥက္ကဋ္ဌဟောင်း ဖြစ်သည်။ ရွေးကောက်ပွဲမတိုင်ခင် ၂ဝ၁ဝ ခုနှစ် ဧပြီလမှစ၍ စစ်ဘက်ရာထူးများမှ အနားယူခဲ့သည့် စစ်ဗိုလ်ချုပ်ကြီးများတွင် စစ်လက်နက် အရာရှိချုပ်ဟောင်း ဒုဗိုလ်ချုပ်ကြီး တင်အေးလည်း ပါဝင်ခဲ့သည်။

ဦးတင်အေးကို ပြည်သူ့လွှတ်တော်အမတ်အဖြစ် မန္တလေးတိုင်း တံတားဦးမြို့နယ် မဲဆန္ဒနယ်မှ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။
Source:mizzimaburmese

No comments:

နေ့မှာ