မူလစာမျက်နှာ

Friday, 25 February 2011

မယ်ဆိုင်မှာ မြန်မာ နှစ်ယောက် အသတ်ခံရ


အသတ်ခံထားရတယ်လို့ ယူဆရတဲ့ မြန်မာ အမျိုးသား ၂ ယောက်ရဲ့ အလောင်းကို ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ် ထိုင်းရဲတွေက မနေ့က တွေ့တဲ့အကြောင်းကို ထိုင်းသတင်းတပုဒ်မှာ ရေးသားထားပါတယ်။

သေဆုံးတဲ့ သူတွေကတော့ အသက် ၃၀ လောက်ရှိကြပြီး နာမည်တွေက မောင်အောင်သန်းဦးနဲ့ မောင်နိုင် ဖြစ်တယ်၊ အခင်းဖြစ်တဲ့ နေရာမှာ သေနတ်တလက်ပါ တွေ့ခဲ့တယ်လို့ သတင်းက ဆိုပါတယ်။

ထိုင်းသတင်းတွေအရကတော့ သူတို့ ၂ ယောက်ဟာ မြန်မာနိုင်ငံထဲမှာ ဆိုင်ကယ်ခိုးသွင်းတဲ့ ဆိုင်ကယ် ခိုးဂိုဏ်းထဲက ၂ ယောက်ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ ရေးထားပါတယ်။ ဘယ်သူလက်ချက်ကြောင့် သေတယ်ဆိုတာကိုတော့ ရေးမထားပါဘူး။

ထိုင်းရဲတွေက ဆိုင်ကယ်ခိုးဂိုဏ်းနဲ့ ပတ်သက်လို့ သတင်းရတဲ့အတွက် စုံးစမ်းစစ်ဆေးမှုတွေ၊ ပစ်ခတ်ဖမ်းဆီးမှုတွေနဲ့ ပတ်သက်လို့ အစောပိုင်း ဖြစ်စဉ်ကို ထိုင်းဘာသာနဲ့ ဒီလိုရေးထားပါတယ်။

မနေ့က မယ်ဆိုင်ရဲတွေက ဆိုင်ကယ် ခိုးဂိုဏ်းတွေ ရှိနေတယ်လို့ သတင်းရတဲ့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်တယ်၊ ဖြစ်ချင်တော့ နယ်စပ် စစ်ဆေးရေးဂိတ် တနေရာကို အရောက် ဆိုင်ကယ် တယောက်တစီးနဲ့ စီးလာတဲ့ မသင်္ကာစရာ လူ ၂ ယောက်ကို တွေ့တယ်၊ တွေ့တော့ ရဲက ရပ်ဖို့တားဆီးတာကို မရပ်ဘဲနဲ့ ဆိုင်ကယ်ကို လှည့်မောင်းပြီးတော့ ရဲကို သေနတ်နဲ့ ပြန်ပစ်တယ်၊ ရဲတွေကတော့ ၀ပ်ကြတယ်ဆိုပဲ။

ဒီလိုနဲ့ အဲဒီမြို့နယ်မှာရှိတဲ့ ကျေးရွာတရွာကို ထွက်ပြေးသွားတယ်။ ထွက်ပြေးသွားတဲ့ လူတွေနောက်ကို လိုက်တာပေါ့။ လိုက်တော့ အပြန်လှန်ပစ်ခတ်ကြတာပါပဲ။

ထပ်ပြီးတော့ ပြောထားတာက လက်ရှိ ဆိုင်ကယ် ၅ စီး မိထားတယ်၊ ဆိုင်ကယ် ခိုးတဲ့ဂိုဏ်းအဖွဲ့ကိုလည်း ဆက်လက်ပြီးတော့ မိအောင် ဖော်ထုတ်ဖမ်းဆီးသွားမယ် ဆိုတဲ့အကြောင်း။

Source:irrawaddyblog

No comments:

နေ့မှာ