မူလစာမျက်နှာ

Thursday, 17 February 2011

၁၀ ရက်အတွင်း မိုင်းကွဲ၍ လူ ၄ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရ


2/17/2011
မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ ၁ ရက်မှ ၁၀ ရက်နေ့ အတွင်း မိုင်းပေါက်ကွဲ၍ လူ လေးဦး သေဆုံးပြီး ၂၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြန်မာစစ်အစိုးရထုတ် သတင်းစာများက ဖေဖေါ်ဝါရီလ ၁၆ ရက်က ဖေါ်ပြသည်။

သေဆုံးသူများမှာ အပြစ်မဲ့ ပြည်သူများ ဖြစ်ကြောင်း သတင်းစာများက ရေးသားသည်။

အဆိုပါ ၁၀ ရက်အတွင်း ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့က နောက်ဆုံး ဖြစ်ပွားခဲ့သော မိုင်းပေါက်ကွဲမူမှာ မွန်ပြည်နယ် ဘီလင်းမြို့နယ် အတွင်း ဖြစ်ပွားခဲ့ပြီး ကားဒရိုင်ဘာ တစ်ဦးနှင့် ခရီးသည် တစ်ဦး သေဆုံးပြီး နောက်ထပ် နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ဘီလင်းမြို့နယ် နတ်ကြီးကျေးရွာနေ ယာဉ်မောင်း ညီညီထွန်း မောင်နှင်းသည့် ဘီလင်း- နတ်ကြီး ခရီးသည် တင် မစ်ဆူဘီရှီ Double Cab ယာဉ် သည် ဖေဖေါ်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ဘီလင်းမြို့နယ် ပဒါတော် ကျေးရွာအထက်တွင် မိုင်းနှင်းမိပြီး ညီညီထွန်း နှင့် ခရီးသည် တစ်ဦးသေဆုံးကာ ယာဉ်နောက်လိုက်နှင့် နောက်တစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းစာတွင် ဖေါ်ပြသည်။

ယခု မိုင်းဖေါက်ခွဲမူများနှင့် ပတ်သက်ပြီး မြန်မာ့ စစ်အစိုးရမှ သောင်းကျန်းသူ အဖွဲ့များကို စွပ်စွဲသော်လည်း မည်သည့် အဖွဲ့၏ လက်ချက်ဖြစ်ကြောင်း ပြောကြားခြင်း မရှိချေ။

Source:narinjara

No comments:

နေ့မှာ