တနင်္လာနေ့က ချုံဘူရီနဲ့ရာရုံက အဖြုတ်ခံရတဲ့အလုပ်သမားတွေဟာ ဘန်ကောက်လမ်းမတွေပေါ်မှာ ချီတက်ဆန္ဒပြခဲ့ကြ ပါတယ်။ အလုပ်ရှင်က လျော်ကြေးမပေးဘဲ အလုပ်ထုတ်ပစ်တာဖြစ်လို့ ဆန္ဒပြရကြောင်း ပြောပါတယ်။ ဆန္ဒပြသမားတွေ ဟာ ဘန်နလမ်းဆုံ၊ ရတ်ချာဖရားဆွန်လမ်းဆုံ၊ ပလာတူနမ်းနဲ့ဒင်ဒါအန်းလမ်းဆုံ မသွားခင် ဒီမနက်မှာ ဆာပါဝတ်လမ်း မကြီးပေါ်က ထိုင်းအထပ်သားကုမ္ပဏီမှာ စုဝေးကြပါတယ်။ သူတို့ဟာ အလုပ်သမားဝန်ကြီးဌာနမှာ ချီတက်မှု ကိုအဆုံး သတ်လိုက်ကြပြီး အဲဒီမှာ အာဏာပိုင်တွေဆီကို အကူအညီပေးဖို့တောင်းဆိုကြပါတယ်။
လွန်ခဲ့တဲ့ ၂လကတည်းက သူတို့ကို အလုပ်ထုတ်ပစ်ပေမဲ့လည်း ဘာလျော်ကြေးမှ မပေးဘူးလို့ အလုပ်သမား ၂၀၀၀ ကျော်က ထုတ်ဖော်ပြောဆိုကြပါတယ်။ သူတို့တွေဟာ အရင်က ရာရုံက ကားတာယာထုတ်တဲ့ Maxxis International (Thailand) Co ၊ ချုံဘူရီကအီ လက်ထရောနစ်ဆားကစ်တွေထုတ်တဲ့ PCB Centre Co Ltd နဲ့ နဲ့ လေအေးစက်တွေလုပ် တဲ့ Fujitsu General (Thailand) ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့ကြပါတယ်။ မနှစ် ဇွန်လက မီးလောင်လို့ အီလက်ထရော နစ်ဆားကစ် စက်ရုံပျက်သွားပြီး လူအတော်များများ ဒဏ်ရာရခဲ့ပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့လက PCB Centre Co Ltd က အလုပ်ရှင်တွေက ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကားတာယာထုတ်တဲ့ Maxxis International (Thailand) Co က လည်း မနှစ်နှောင်းပိုင်းက စက်ရုံပြင်ဖို့လိုတယ်ဆိုပြီး ထုတ်လုပ်မှုတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
Source:naytthit
No comments:
Post a Comment