မူလစာမျက်နှာ

Friday, 25 February 2011

ဒန်ကလေကို တရားရုံးထုတ်

 မြန်မာတိုင်းမ် တည်ထောင်သူ ရော့စ် ဒန်ကလေ Ross Dunkley ကို ကမာရွတ်မြို့နယ် တရားရုံး၌ ကြာသပတေးနေ့တွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးမှုပြုသည်။

အင်းစိန်ထောင် အထူးဆောင်တွင် ချုပ်နှောင်ခံထားရကာ ရဲနှင့် လူဝင်မှုကြီးကြပ်ရေးတို့က က တရားလိုလုပ်ကာ တရားစွဲထားသည့် သြစတြေးလျနိုင်ငံသား မြန်မာတိုင်းမ် အယ်ဒီတာချုပ်ဟောင်း ရော့စ်ဒန်ကလေကို ပြုံးပြုံးရွင်ရွင်နှင့် ကျန်းမာစွာ တွေ့မြင်ရသော်လည်း လက်ထိပ်ခတ်ခံရထားသည်ဟု တရားခွင်သို့ သွားရောက်ခဲ့သော သတင်းထောက်တဦးက မဇ္ဈိမကို ပြောသည်။

ရိုက်နှက်ခံရသည်ဟု စွပ်စွဲထားသော တရားလို အမျိုးသမီး
Ross-Dunkley3s
ရော့စ်ဒန်ကလေကို ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် တရားရုံးပေါ်သို့အသွားတွင် မြင်တွေ့ရပုံ (ဓါတ်ပုံ မဇ္ဈိမ)
မခိုင်ဇာလည်း တရားရုံးသို့ တက်ရောက်လာသည်။ သူနှင့် လဝက အရာရှိအပြင် မစ္စတာဒန်ကလေကိုပါ တရားရုံးက ထွက်ဆိုစေခဲ့သည်။

ဒန်ကလေကို လူဝင်မှုကြီးကြပ်ရေး အရေးပေါ် ပြဋ္ဌာန်းချက် လဝက ပုဒ်မ ၁၃ (၁) အပြင်  မခိုင်ဇာကို နာကျင်အောင်လုပ်မှု ပုဒ်မ ၃၂၃ ၊ နာကျင်စေရန် ကြံရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးကို တိုက်ကျွေးခြင်း ပုဒ်မ ၃၂၈ ၊ လက်ရောက်ခြင်း ပုဒ်မ ၃၅၂ နှင့် သွားလာပိုင်ခွင့် ရှိသည့် နေရာသို့ မသွားလာနိုင်အောင် ပိတ်ပင်ခြင်း ပုဒ်မ ၃၄၁ တို့ ဖြင့် စွဲဆိုခံထားရသည်ဟု အမည်မဖော်လိုသူ မြန်မာတိုင်းမ်ဂျာနယ်မှ အရာရှိတဦးက ပြောသည်။ သို့သော် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်းမရှိသေးပါ။

Myanmar Consolidated Media Group Ltd (MCM) ၏ CEO မစ္စတာ ရော့စ် ဒန်ကလေကို လဝက အမှုဖြင့် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့တွင် ရဲက ဖမ်းဆီးပြီး၊ နောက်တရက်တွင် အင်းစိန်ထောင်သို့ ပို့ဆောင် ချုပ်နှောင်ခဲ့သည်။

မြန်မာတိုင်းမ်၏ CEO ရာထူးကို ဒေါက်တာတင်ထွန်းဦးက ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် လွှဲပြောင်း ယူလိုက်သည်။ အစုရှယ်ယာ ပူးတွဲပိုင်သူ CEO အသစ် ဒေါက်တာတင်ထွန်းဦးနှင့် မြန်မာတိုင်းမ် ဝန်ထမ်းအချို့က အာမခံရရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ချေ။

လက်ရှိတွင် Myanmar Consolidated Media Group Ltd ၏ အစုရှယ်ရာ ၄၉ ရာခိုင်နှုန်းကို ရော့စ်ဒန်ကလေက ပိုင်ဆိုင်ပြီး၊ ကျန် ၅၁ ရာခိုင်နှုန်းကို ပုဇွန်တောင်မြို့နယ်မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်ခဲ့သူ ဒေါက်တာတင်ထွန်းဦးက ပိုင်ဆိုင်သည်။

လဝက ၁၃ (၁) ဥပဒေသည် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြစ်ကာ အတိုက်အခံများကို အစိုးရက ဖမ်းဆီးထောင်ချရာတွင် အသုံးပြုလေ့ရှိသော ပုဒ်မတခုဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချနိုင်သည်။
Source:mizzimaburmese

No comments:

နေ့မှာ