မူလစာမျက်နှာ

Monday, 14 February 2011

လက်ပျက်လာလို့ မောင်စူးစမ်း စာရေးခြင်းမှ အနားယူ


အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ စာရေးဆရာ မောင်စူးစမ်းရဲ့လက်တွေဟာ စာမရေးနိုင်လောက်အောင် အခြေအနေဆိုးဝါးလာတဲ့အတွက် စာရေးသားခြင်းကနေ အနားယူတော့မယ်လို့ The Voice ဂျာနယ်ကို ပြောထားပါတယ်။

“အသက်ကြီးလာတော့ ကယ်လစီယမ်ဓာတ်ချို့တဲ့လာတယ် ထင်တယ်။ အခုလက်တွေက စာမရေးနိုင်တော့ဘူး။ အနားယူချင်တာကြာပါပြီ။ ဒါပေမယ့် အခုမှ အနားယူဖြစ်တာ” လို့ ပုံမှန်မရှိတော့တဲ့ သူ့လက်ချောင်းတွေကို ပြရင်း The Voice ဂျာနယ်ကို ပြောကြားတယ်လို့ သိရပါတယ်။

အမည်ရင်း ဦးတင်ရွှေဟာ မောင်စူးစမ်း ကလောင်အပြင် ဦးထွန်းဖေ၊ ဦးချမ်းအေး အမည်တွေနဲ့လည်း လူသိများပါတယ်။ ကွန်မြူနစ်ဟောင်းတဦးဖြစ်ခဲ့ပြီး ၁၉၈၈ နောက်ပိုင်းကာလမှာ NLD ပါတီကို ၀င်ရောက်ခဲ့ဖူးပါတယ်။ နောက်ပိုင်းမှာတော့ စစ်အစိုးရကို ထောက်ခံတဲ့ ဆောင်းပါးတွေကြောင့် ဝေဖန်ပြစ်တင်မှုတွေကို ခံခဲ့ရသူလည်းဖြစ်ပါတယ်။

မောင်စူးစမ်း အနားယူသွားပြီဖြစ်ပေမယ့် သူနဲ့ခေတ်ပြိုင် သခင်တင်မြကတော့ ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်တဲ့ ဆောင်းပါးတစောင်ကို စစ်အစိုးရ သတင်းစာမှာ ရေးသားခဲ့တာကို တွေ့ရပါတယ်။

Source:irrawaddyblog

No comments:

နေ့မှာ