ဝနယ်နှင့် မိုင်းလားနယ်မြေအတွင်း ရိုးရာကျွဲခတ်ပွဲကို ယခုနှစ်ဦးပိုင်း၌စည်ကားသိုက်မြိုက်စွာ ကျင်းပရာ ယခုလကုန် ပိုင်းအထိ နောက်ဆုံးပွဲ ကျင်းပပြီး ပထမဆုရသည့်ကျွဲအား ယွမ်ငွေတထောင်ကျော် ဆုချကြောင်း စုံစမ်းသိရှိရပါသည်။
ကျွဲခတ်ပွဲအတွင်း မုန့်ဈေးတန်း
မိုင်းလားတပ်ဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ်နယ်မြေ ဆီလူးမြို့နယ် ပါဆန့်တိုက်နယ်၌ ပြီးခဲ့သည့် ၂၁ ရက်နေ့ က ကျင်းပခဲ့ကြောင်း၊ ပထမကျွဲခတ်ပွဲကို ပြီးခဲ့သည့် ၂၄ ရက်နေ့က ယှဉ်ပြိုင်ခဲ့ ကြောင်း၊ နောက်ဆုံးပွဲကားလာမည့် ဂျန္န၀ါရီ ၂၉ ရက် မနက်ဖြန် တွင် ကျင်းပမည်ဟု ဒေသခံနောက်တဦးကပြောပြသည်။
“ပွဲဖြစ်မြောက်ရေးကော်မတီတွေက ရပ်ရွာအကြီးအကဲတွေဘဲ။ ပွဲခင်းမှာ ဈေးဆိုင်ခန်းနဲ့၊ လောင်းက စား ရုံကလွဲလို့ အခွန် မကောက်ဘူး။ ၀င်ပြိုင်မယ့်ကျွဲလဲ ၀င်ကြေးထဲ့ပါဆိုတာလဲမရှိဘူး။ ဘယ်သူမဆို ကိုယ့်ကျွဲယူပြီး ၀င်ယှဉ်ပြိုင်၊ ၀င်ကြည့် အားပေး နိုင်တယ်” - ဟု ပွဲဖြစ်ရေး ကော်မတီ ၀င်တဦးကပြောပါသည်။
ကျွဲခတ်နေပုံ
ဂျန္န၀ါရီ ၁၀ -၁၅ ရက်အထိ ပထမဦးဆုံးကျင်းပသည့် ကျွဲခတ်ပွဲက ၀ တပ်ထိန်းချုပ်နယ်မြေမိုင်းဖျဲန် ဟိုတောဝ်း၌ဖြစ် ကြောင်း၊ မိုင်းလား နယ်မြေအတွင်း ကျင်းပသည့်ကျွဲခတ်ပွဲသို့လည်း ထိုဒေသမှ ကျွဲများလည်း လာရောက် ယှဉ်ပြိုင်နေကြောင်း၊ သျှမ်းလူမျိုး အများ စုနေထိုင်သော ထိုဒေသ၏ရိုးရာကျွဲခတ်ပွဲကို တခြားတိုင်းရင်းသား များပါအလေးထား တက်ရောက်အားပေးကြ ကြောင်းကြား သိရပါသည်။
“ရိုးရာကျွဲခတ်ပွဲက နအဖ ထိန်းချုပ်နယ်မြေမှာဆို ပြောက်ကွယ်လုနီးနီးဖြစ်နေပြီ။ ကျိုင်းတုံမှာဆို ကျွဲခတ်ဝင်း ကြီးဘဲ နာမည်နဲ့ ကျန်ခဲ့တယ်” ဟု ကျွဲခတ်ပွဲတခါမျှပြင်မမြင်ဖူးသည့် အသက် ၂၀ ကျော် ကျိုင်းတုံသား တဦးက ပြောပါသည်။
အားပေးနေသည့်ပရိတ်သတ်များ
No comments:
Post a Comment