ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် ရောက်နေသူ ဒီမိုကရေစီ အရေး လူပ်ရှားသူ ကိုစိုးလင်းက “ သူတို့ အခုရောက်နေတာက ဘင်္ဂလာဘက်က ဘာရုကာတာ စစ်တပ်အနီးကို ရောက်နေတယ်။ မြန်မာ နယ်စပ်ကနေ ၅ မိုင်ခန့်ထိ ၀င်ရောက်နေတယ်။ ၀င်လာတဲ့ စစ်သားတွေက စုစုပေါင်း ၄၀ ခန့်ရှိတယ်လို့ ပြောတယ်။ အခု သူတို့က အဲဒီ ဒေသတ၀ိုက်မှာ နေထိုင်နေတဲ့ မြိုလူမျိုး ခေါင်းဆောင်တွေကို အစည်းအဝေး ခေါ်ထားတယ်။ သူတို့က စစ်သား ဖမ်းဆီးခံရတဲ့ အကြောင်းကို မေးမြန်းနိုင်တယ်။” ဟု ပြောသည်။
“ မြန်မာ စစ်သားက တပ်ကြပ်၊ ကရင်လူမျိုး ဖြစ်တယ်လို့ သိရတယ်။ နောက်ထပ် ရဲဘော်သုံးဦးနဲ့ ခြံစည်းရိုးကာရံနေတဲ့ နေရာကနေ ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြမ်းဘက်ကို ၀င်ပီး ကင်းထိုးတာမှာ လူစုကွဲသွားပြီး ထမင်းငတ် ဟင်းငတ်နဲ့ ဘင်္ဂလာ စစ်သားတွေက ဖမ်းမိရသွားခဲ့ပါတယ်။ ဖမ်းမိရပြီးတဲ့ နောက်မှာ သူ့ကို လှေနဲ့ မရိတ်ချောင်း အတိုင်း ကြိုးနဲ့ ချည်ပြီး မြန်မာ နယ်စပ်အနီးမှာ တည်ရှိတဲ့ အလယ်ခွာတောင် စခန်းကို ယူလာတယ်။ သူ့ကို နယ်စပ်ကနေ ဘင်္ဂလာ စစ်တပ်က လှေနဲ့ မရိတ်ချောင်း အတိုင်း ဖမ်းချိုင်ယူလာစဉ်မှာ ကျနော်တို့က ချောင်းဘေးမှာ ရေချိုးနေတော့ မြန်မာ စစ်သားကို မြင်လိုက်ရပါတယ်. အခု အဲဒီ အလယ်ခွာတောင် စခန်းကနေ တဆင့် စစ်ဆေးဖို့ ဒက္ကားကို ယူသွားတယ်လို့ သိရပါတယ်။”
မြန်မာ စစ်တပ်က ဘင်္ဂလာဒေခ်ျ့ နိုင်ငံထဲ ၀င်ရောက်လာသော်လည်း မြန်မာဘက်မှ အနီးအနားရှိ ဘင်္ဂလာ စစ်တပ်နှင့် အဆက်အသွယ် မလုပ်သလို ဘင်္ဂလာဒေခ်ျ့ စစ်တပ်ဘက်မှလည်း ထူးထူးခြားခြား လူပ်ရှားမူ တစုံတရာ မရှိကြောင်း ကိုစိုးလင်းက ပြောသည်။
မြန်မာ စစ်တပ် ၀င်ရောက်လာပြီးနောက်ပိုင်း အဆိုပါ ဒေသတွင် သစ်ခုတ်သူများနှင့် တောင်ယာ လုပ်ကိုင် စားသောက်နေသူများမှာ ကြောက်ရွံ့စိုးရိမ်သဖြင့် အဆိုပါ ဒေသမှ စွန့်ခွာ ထွက်ပြေး လာကြသည်ဟု သိရသည်။
မြန်မာ စစ်တပ်မှ ဘင်္ဂလာပိုင်နက်ထဲ ၀င်ရောက်လာခြင်းမှာ သူတို့ တပ်သားကို ပြန်တောင်း လို၍ ဖြစ်နိုင်ကြောင်း ကိုစိုးလင်းမှ ပြောကြားပြီး ဘင်္ဂလာဘက်မှ ပြန်လည် လွဲပြောင်း ပေးအပ်မည် မပေးအပ်မည်ကို မသိရှိရသေးကြောင်း သူကပြောသည်။
လွန်ခဲ့သော အပတ်ကလည်း မောင်တောမြို့နယ် မြောက်ပိုင်းတွင် တပ်ဖွဲ့ တစ်ခုမှ တပ်သား သိန်းဇော်ထွန်းသည် ဂျီသုံးတလက်၊ ကျည်ဆံ ၁၂၀ ဖြင့် ဘင်္ဂလာဒေခ်ျ့ဘက်သို့ ထွက်ပြေးလာပြီ နောက်ပိုင်းတွင် ဘင်္ဂလာ အာဏာပိုင်များက ဖမ်းဆီးပြီး မြန်မာဘက်ကို ပြန်လည် လွဲပြောင်းပေးအပ်ခဲ့သည်။
Source:narinjara
No comments:
Post a Comment