မူလစာမျက်နှာ

Tuesday, 11 January 2011

စစ်တွေ – ရန်ကုန် ကားလမ်း တိုးချဲ့ဖောက်လုပ်ရာတွင် အိမ်ယာမြေ ပြောင်းရွေ့ခံရ

ဇန်န၀ါရီလ (၁၁)၊ ၂၀၁၁။
စစ်တွေ – ရန်ကုန် ကားလမ်း တိုးချဲ့ဖောက် လုပ်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာနှင့် ကျောက်တော်မြို့နယ် မြတ်လှဲ့ ကျေးရွာတို့တွင် အိမ်ယာမြေများ အပါဝင် ဈေးဆိုင်များလည်း ပြောင်းရွေ့ခံရကြောင်း ဒေသခံများက ပြောကြသည်။
“မြတ်လှဲ့ ကားဂိတ်မှာ အိမ်တွေရော ဆိုင်တွေမှာပါ အကုန်ပြောင်းရပါတယ်။ ဘာလျော်ကြေးမှ မပေးတော့ဘူး။ နောက်ပြီး အခု ပြောင်းဆိုယင် ပြောင်းရတာပါပဲ” ဟု ပြောင်းရွေ့ရာတွင် ပါဝင်သွားသော မိသားစုဝင် တဦးက ပြောပြသည်။
(၅၃၄.၃) မိုင် ရှည်လားသော စစ်တွေ-ရန်ကုန် ကားလမ်းအား တိုးချဲ့ရာတွင် ၀ဲဘက် – ယာဘက် (၃၅) ပေစီ တိုးချဲ့ပြီး ဖောက်လုပ် ရာတွင် ကုမ္ပဏီများမှ တာဝန်ယူ ဆောင်ရွက်ရသော်လည်း ဒေသခံ အာဏာပိုင်များ၏ အမိန့်ဖြင့် ယခုလို ပြောင်းရွေ့ရခြင်း ဖြစ်သည်ဟု ဒေသခံများက အပြောအရ သိရသည်။
“ကျနော်တို့ ကျေးရွာမှာတော့ ၀ဲဘက်က ဆိုင်ခန်းတွေ အကုန် ပြောင်းရတယ်။ ယာဘက်မှာတော့ တချို့အိမ်တွေ ၀ရံတာနားထိ ပါသွားတယ်။ တချို့ကတော့ နည်းနည်း ပါသွားတယ်။ ပြောင်းတော့ မပြောင်းရဘူး။” ဟု ယိုးတရုတ် ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
စစ်တွေ – ရန်ကုန် ရထားလမ်း ဖောက်လုပ်ရာတွင်လည်း ယင်းကဲ့သို့ လယ်ယာမြေ သိမ်းဆည်းမှုများနှင့် အိမ်ယာမြေ သိမ်းဆည်းမှုများ ရှိခဲ့သည်။
Source:arakanreview

No comments:

နေ့မှာ