ထိုင်းနိုင်ငံ တောင်ပိုင်းက စစ်တပ်အခြေစိုက် စခန်းတခုအပေါ် သောင်းကျန်းသူတွေရဲ့ တိုက်ခိုက်မှုကြောင့် ၄ ယောက်ထက်မနည်း သေဆုံးသွားပါတယ်။
တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်နေတဲ့ နာရာသီဝတ်ခရိုင်မှာ သောင်းကျန်းသူ ၃၀ လောက်က စစ်စခန်းငယ် တခုကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ပြောပါတယ်။
သောင်းကျန်းသူတွေဟာ စက်လတ်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ စက်သေနတ်တွေနဲ့ ဗုဒ္ဓဟူးနေ့ညက ဝင်ရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
စစ်စခန်းဆီ စစ်ကူလာသူတွေကိုလည်း သောင်းကျန်းသူတွေက တိုက်ခိုက်ခဲ့ကြတယ်လို့ ထောက်လှမ်းရေးရပ်ကွက် သတင်းတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှုဟာ အသေအချာ ကြိုတင် စီစဉ်ထားတဲ့ တိုက်ခိုက်မှု ဖြစ်တယ်လို့လည်း ပြောကြပါတယ်။
မလေးရှားနဲ့ ထိစပ်နေတဲ့ ထိုင်းနိုင်ငံ တောင်ပိုင်းက မွတ်ဆလင် အများစု နေထိုင်ကြတဲ့ ခရိုင်တွေမှာ ၂၀၀၁ ခုနှစ် ကတည်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ရှိလာခဲ့တာပါ။
တိုက်ခိုက်သူတွေက သူတို့ ဘာအတွက် တိုက်ခိုက်နေတာလဲ ဆိုတာကို လူသိရှင်ကြား မပြောပေမဲ့ ခွဲထွက်ရေးအတွက် တိုက်နေကြတာလို့ ကျယ်ကျယ်ပြန့်ပြန့် ယူဆနေကြပါတယ်။ တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ စုစုပေါင်း ၄,၀၀၀ နီးပါး ရှိသွားပါပြီ။
Source:voanews
No comments:
Post a Comment