ဖလမ်းမြို့နယ် လုံသဲကျေးရွာမှ စစ်ကိုင်းတိုင်း ကလေးမြို့သို့ မောင်းနှင်လာသည့် ယာဉ်အမှတ် (ဇ/၉၉၄) သည် ဆွလိမ်ရွာအနီး လမ်းအကွေ့တနေရာတွင် အရှိန်မထိန်းနိုင်ဘဲ ဝဲဘက်ကမ်းပါးယံသို့ တိမ်းမှောက်ခဲ့ရာမှ မဇိုင်နေချမ်း (၁၅ နှစ်) ဆိုသူ ပွဲချင်းပြီး သေဆုံးခြင်း ဖြစ်သည်။
ဒဏ်ရာရသူများသည် ဒေါ်ကပ်ရင် (၄၈ နှစ်)၊
ယာဉ်မောင်းဖြစ်သူ ကလေးမြို့ တောင်ဖီလာရပ်ကွက်နေ ဦးထောင်းဆန်း (၃၅ နှစ်) ကို တီးတိန်ရဲစခန်းက (ပ) ၃/၂ဝ၁၁ ဖြင့် အမှုဖွင့်ကာ၊ ပုဒ်မ ၃ဝ၄ (က) လူသေမှု၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၇ မဆင်မခြင် ယာဉ်မောင်းနှင်မှုတို့ဖြင့် တရားစွဲထားသည်ဟု တီးတိန် ရဲအရာရှိတဦးက အတည်ပြု ပြောဆိုသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း “ချင်းတောင်တန်း” အမည်ရှိ ခရီးသည်တင်ကား မှောက်ခဲ့ရာ ခရီးသည် ၁၆ ဦး သေဆုံးခဲ့ပြီး၊ ၄၄ ဦး ဒဏ်ရာရခဲ့သေးသည်။
ချင်းပြည်နယ် လမ်းပမ်းဆက်သွယ်ရေး အခြေအနေ တိုးတက်မှု မရှိသလောက်ဖြစ်သည်မှာ ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် အမတ်နေရာအချို့ အနိုင်ရခဲ့သော ချင်းပါတီ ၂ ပါတီကလည်း ၎င်းတို့အနေဖြင့် ပြည်နယ်လမ်းပမ်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန် ဦးစားပေး လုပ်ကိုင်သွားမည်ဟု မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ကြသည်။
Source:mizzimaburmese
No comments:
Post a Comment