မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲ (ဓါတ်ပုံ www.apfnews.com)
၎င်းအစိုးရသစ် ပေါ်လာရုံဖြင့် မြန်မာနိုင်ငံသားများ ဆုံးရူံးနေသည့် လွတ်လပ်မှု ၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ၊ ငြိမ်းချမ်း ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆိုသည့် အရာများ ရရှိမည်ဟု မယုံကြည်ကြောင်း သူက ဆိုသည်။
“မြန်မာနိုင်ငံသားတွေအနေနဲ့ နှစ်သစ်တစ်နှစ်ရောက်တိုင်း ဆုတောင်းရုံ နူတ်ခွန်းဆက်ရုံဆိုတဲ့ အခြေအနေကနေ မလွတ် မြောက်သေးဘူး ၂၂ နှစ်ကြာစစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းထဲမှာ အလုပ်မဖြစ်တာတွေ အများကြီးရှိတယ် ဒီနေ့ ၂၀၁၁ ထဲမှာ ခွန်အားသစ်မွေးပြီး ဒီမိုကရေစီနဲ့အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အတွက် ဆက်လက်ချီတက်ရအုံးမှာပဲ” ဟု သူ့အမြင်ကို ဆက်ပြောသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF (ဓါတ်ပုံ-www.imagestate.com)
အဆိုပါ ဥပဒေပြဋ္ဌာန်းချက်သည် တပ်မတော်တစ်ခုတည်းနှင့် ဆိုင်သည့် အရာမဟုတ်ပဲ နိုင်ငံသားအားလုံး၏ ဘ၀နှင့် တိုက်ရိုက် ပတ်သက် သဖြင့် လွတ်တော်အတွင်း ဥပဒေပြဋ္ဌာန်းရုံဖြင့် မလုံလောက်ကြောင်း ပြည်သူ့ဆန္ဒခံယူဖို့ လိုအပ်ကြောင်း သိရသည်။
ယင်းဥပဒေသည် နအဖ၏ စစ်တပ်ဗဟိုပြု စဉ်းစားချက်ဖြစ်ပြီး တိုင်းပြည်ကာကွယ်ရေးနှင့် တည်ငြိမ်ရေးကို မဆောင်ရွက် နိုင်ကြောင်း ပြည်တွင်း စစ်ကာလ နိုင်ငံမတည်ငြိမ်သည့်ကာလတွင် ငြိမ်းချမ်းရေးနှင့် အမျိုးသားသွေးစည်း ညီညွတ်ရေးကို အပြင်းအထန် ထိခိုက်စေနိုင်သဖြင့် ကန့်ကွက်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ခေါ်) ABSDF သည် နအဖစစ်အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေ သည့် ထိုင်း- မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။
Source:mongloi
No comments:
Post a Comment