(၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ) သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုကော်မတီဝင် / မိုင်းယန်းမြို့ လွှတ်တော်အမတ် / ကျိုင်းတုံမြို့နယ် ဥက္ကဌ ဆရာမ ဒေါ်နန်းခမ်းလျဲန်း အသက် ၆၉ နှစ် ဟာ အူမကြီးကင်ဆာရောဂါနဲ့ ချင်းမိုင်မြို့မှာအခုလ ၅ ရက် က ကွယ်လွန်ပြီး ၈ ရက်နေ့ ၀တ်ထကရဒတ်သုသာန်မှာ မီးသဂြိင်္ုလ်ခဲ့ပါတယ်။
ဆရာမ ဒေါ်နန်းခမ်းလျဲန်း ရဲ့ဈာပနမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူးများအဖွဲ့ကလဲ သ၀ဏ်လွှာ ပေးပို့ပြီး “မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနဲကြေကွဲမိကြောင်း၊ ၎င်းရဲ့တာဝန်ဝတ္တရားတွေကိုကျန်ရှိတဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့ ပါတီ အဖွဲ့သူအဖွဲ့သားတွေက ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တဲ့ အနှောင်အဖွဲ့မရှိဘဲ ကောင်းရာသုဂတိ လားပါစေ” လို့ သ၀ဏ် လွှာကို ဦးစိုင်းတွီက ဖတ်ပြခဲ့ပါတယ်။
ဆရာမဒေါ် နန်းခမ်းလျဲန်းဟာ ၁၉၄၂ ခု ဒီဇင်ဘာ ၂၀ ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ မောင်နှမ ၉ ယောက်အနက် ဒုတိယသမီးကြီး ဖြစ်ပါတယ်။ ၁၉၆၁ မှာ ကျိုင်းတုံအထကကျောင်းအုပ် ဆရာမုံ့တစ်နဲ့ အိမ်ထောင်ပြုခဲ့ပါတယ်။ဆရာမုံ့ တစ်ဆုံးပါးပြီးနောက် သီပေါက (လ၀က ပင်စင်စား) စိုင်းထွန်းအောင် နဲ့ နမ့်ခမ်းက SNLD ပါတီ ဥက္ကဌ စိုင်းသာအေးနဲ့ အိမ်ထောင် ၂ ဆက် ထပ်ပြု ခဲ့ပါတယ်။ လက်ရှိမှာ သားသမီး ၅ ယောက်နဲ့ မြေးမြစ်တွေ ကျန်ရှိပါတယ်။
ဆရာမ နန်းခမ်းလျဲန်းဟာ အသက် ၁၆ နှစ်ကတည်းက ကျောင်းဆရာမလုပ်ခဲ့တာပါ။ ဆရာမုံ့တစ်နဲ့အိမ်ထောင်ပြုပြီး ၈ နှစ်အကြာ မှာ မိုင်းမက နွံစစ်ဟန်တပ်ဖွဲ့ထဲ ပူးပေါင်းဝင်ရောက် တောခိုခဲ့ပါတယ်။ ဆရာမဟာ ကျောင်းသူဘ၀ကတည်းက နွေရာသီ သျှမ်းစာ ပေသင်တန်းမှာလဲ သွားရောက်သင်ကြားပေးခဲ့ပါသေးတယ်။ ၁၉၇၁ မှာ ဆရာမုံ့တစ် နဲ့ တပည့်တယောက် ၀မ့်ပါခမ် (လောင့်တောင်း) ကတ်ဖ ကျေးရွာအုပ်စုဘက် ခရီးထွက်စဉ် ဗမာစစ်တပ် စီးနင်းတိုက်ခိုက်လို့ ခုခံပစ်ခတ်ရင်း ဆရာမုံ့တစ်ကွယ်လွန်ခဲ့ပါတယ်။ အဲဒီတုန်းကဗမာ စစ်အာဏာပိုင်ဘက်က ၈ ယောက်လဲ ပွဲခြင်းပြီး သေဆုံး ခဲ့ပါတယ်။ အဲဒီနောက် ဆရာမ နန်းခမ်းလျဲန်းဟာ ၁၉၈၉ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်စတင်တည် ထောင်စဉ်က တည်းက ပါတီဝင်ဖြစ်ခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲ ရောက်တော့ ကျိုင်းတုံမြို့ရဲ့ SNLD ပါတီ ဥက္ကဌအဖြစ်တာဝန်ထမ်း ဆောင် ခဲ့တဲ့အပြင်မိုင်းယန်းမြို့ရဲ့လွှတ်တော်အမတ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။အမျိုးသမီးဆိုပေမယ့် စည်းရုံးရေးခရီးစဉ် ဆင်းတုန်းက မိုးထဲလေထဲမှာခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရကြောင်း ဆရာမ မဆုံးပါးခင်က ပြောပြခဲ့ပါတယ်။
ဆရာမ ဒေါ်နန်းခမ်းလျဲန်း ရဲ့ဈာပနမှာ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ အတွင်းရေးမှူးများအဖွဲ့ကလဲ သ၀ဏ်လွှာ ပေးပို့ပြီး “မိသားစုနဲ့အတူ ထပ်တူထပ်မျှဝမ်းနဲကြေကွဲမိကြောင်း၊ ၎င်းရဲ့တာဝန်ဝတ္တရားတွေကိုကျန်ရှိတဲ့ ညီအစ်ကို မောင်နှမတွေ ဖြစ်တဲ့ ပါတီ အဖွဲ့သူအဖွဲ့သားတွေက ဆက်လက်ထမ်းဆောင်သွားမှာဖြစ်တဲ့ အနှောင်အဖွဲ့မရှိဘဲ ကောင်းရာသုဂတိ လားပါစေ” လို့ သ၀ဏ် လွှာကို ဦးစိုင်းတွီက ဖတ်ပြခဲ့ပါတယ်။
ကွယ်လွန်သူ ဆရာမ နန်းခမ်းလျဲန်း
SNLD မှပေးပို့သော လွမ်းသူ့ပန်းခွေ
No comments:
Post a Comment